အပိုင်း(၁၀၅)

4K 717 37
                                    

『Unicode』

Extra(၂)
《စုန့်ချင်းလန်ရဲ့ မုတ်ဆိတ်》

ကြယ်ခေတ် ၁၄၅၇ခုနှစ် နွေရာသီတွင် ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းအဖွဲ့ဝင်များအတွက် အထူးလေ့ကျင့်ရေးအစီအစဉ်တစ်ခုကို ထျန်းချုံက စီစဉ်ပေးခဲ့သည် ။

ခေါင်းဆောင်ဖြစ်သည့် စုန့်ချင်းလန်သည် အထူးတပ်ဖွဲ့မှ အလားတူလာခဲ့သော ကျိုးမင်ရွှမ်းနှင့်အတူ ဤအပြင်းအထန်လေ့ကျင့်ရေးအစီအစဉ်ထဲတွင် ပါဝင်ခဲ့ကြသည် ။ ထိုအစီအစဉ်က တစ်လလုံးလုံးကြာမြင့်ခဲ့သည် ။ အစီအစဉ်ပြီးဆုံးသွားသည်နှင့် ကမ္ဘာ့အချိန်မဟာမိတ်အဖွဲ့က တစ်ကမ္ဘာလုံးတွင် ထုတ်လွှင့်ပြသသည့် တစ်ပတ်ဝာာပြိုင်ပွဲကိုလည်း စီစဉ်ခဲ့သည် ။ သူတို့နိုင်ငံမှ ကိုယ်စားပြုများ အားလုံး၏ ပါဝင်ကြိုးပမ်းမှုများက သူတို့ကို ပထမနေရာရယူနိုင်စေခဲ့ကာ စုန့်ချင်းလန်နှင့် ကျိုးမင်ရွှမ်းသည်လည်း အသီးသီးရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့ကြသည် ။

ဤသတင်းကောင်းကို ကျန်းမြို့ဌာနခွဲက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပြီး ဟောခန်းတစ်လျှောက် ဆိုင်းဘုတ်များပင် ချိတ်ဆွဲထားခဲ့သည် ။

ဤအထူးလေ့ကျင့်ရေးအစီအစဉ်သို့ သူတို့နှင့်အတူ သွားခဲ့သည့်သူများထဲတွင် အခြားတပ်ဖွဲ့များမှ ခေါင်းဆောင်များနှင့် အဖွဲ့သားများလည်း ပါဝင်ပြီး စုစုပေါင်း ၇ယောက်ပင် ။ တစ်ယောက်က လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့ပြီး မနှစ်ကမှ ရုတ်တရက် ပြန်ရောက်လာခဲ့သော တပ်ဖွဲ့ ၁၂၏ ခေါင်းဆောင် ချီလန်ဖြစ်၏ ။

ရှုထောင့်အမြင်တစ်ခုမှကြည့်လျှင် တပ်ဖွဲ့ ၁၂မှ အဖွဲ့သားများအတွက်တော့ အချိန်က ၁၅နှစ်တာ ရပ်တန့်နေခဲ့သည် ။ ကျန်းမြို့သို့ ပြန်ရောက်လာပြီးနောက် အဖွဲ့ဝင်များသည် ၁၅နှစ်အကြာ လောကကြီးနှင့် ပြန်လည်ချိတ်ဆက်နိုင်စေရန် လိုက်လျောညီထွေနေသားကျရေး သင်တန်းပေါင်းစုံကို တက်ရောက်ခဲ့ရသော်လည်း သူတို့၏အရည်အချင်းများက အကုန်လုံး၏မျှော်မှန်းချက်များကို ကျော်လွန်သွားခဲ့သည်--ရှဲ့ရှန်မှတစ်ပါး သူတို့သည် အချိန်နှင့်အာကာသအက်ကွဲကြောင်းထဲမှ လွတ်မြောက်လာပြီးနောက် ထျန်းချုံမိခင်စနစ်၏ စီမံကွပ်ကဲမှုအောက်တွင် အဆင့်မြင့်မစ်ရှင်ပေါင်းများစွာကို လုပ်ဆောင်ခဲ့ပြီးဖြစ်လေ၏ ။ ချီလန်ဦးဆောင်သော တပ်ဖွဲ့ ၁၂သည် တိတ်တဆိတ်အလုပ်လုပ်ခဲ့ကြကာ ပြန်ရောက်လာချိန်၌ တပ်ဖွဲ့၇နီးနီး အမှတ်များကို စုဆောင်းနိုင်ခဲ့ပြီး မြင်းနက်အသစ်တစ်ကောင် ဖြစ်လာစေခဲ့သည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now