အပိုင်း(၁၀၄) အချပ်ပို

5.2K 739 50
                                    

『Unicode』

Extra(၁)
《ကျစ်ယွီရှီရဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ Voice-con》

ထျန်းချုံ ကျန်းမြို့ဌာနခွဲ၏ အပြင်ဘက်တွင် ။

လမ်းမ၏ တစ်ဘက်တစ်ချက်စီ၌ ထူထဲသော နှင်းများက စုပုံနေပြီး လမ်းမ မျက်နှာပြင်ထက်တွင် ရေခဲအလွှာပါးတစ်ထပ်က ဖုံးလွှမ်းထားလေ၏ ။ လမ်းတစ်လျှောက် ကြီးမားသော အနီရောင် အလိုအလျောက် နှင်းဖယ်ရှားသည့်စက်က ဖြည်းညှင်းစွာ မောင်းနှင်နေလျက် ။

ညနေစောင်းဖြစ်သော်လည်း အနားတစ်ဝိုက်တွင် လူ သိပ်မရှိပေ ။

စုန့်ချင်းလန် ထွက်လာသည်နှင့် လမ်းဘေးတွင် ရပ်ထားသော ခေတ်နောက်ကျနေသည့်ကားကို မြင်လိုက်ရသည် ။ ကားကိုယ်ထည်မှာ အလွန်သန့်ရှင်းနေပြီး ဆေးရောင်များက တောက်ပနေသော်လည်း ‌ကားအောက်ပိုင်း၌ ရွှံ့များဖြင့် ပေကျံနေသည်--ကျန်းမြို့၌ ပထမဆုံးဆောင်းရာသီကို ကုန်ဆုံးခဲ့ရပြီးနောက် ကားပိုင်ရှင်မှာ နှင်းထူသော နေ့များတွင် အပြင်ထွက်ရသည့် နောက်ဆက်တွဲ အကျိုးဆက်များကို အသားကျနေပြီဖြစ်သည် ။

စုန့်ချင်းလန် ကားထဲသို့ ဝင်လိုက်လေ၏ ။ ကားရှေ့ဘေးခုံတံခါးကို ဖွင့်လိုက်သည်နှင့် ကားအထဲရှိ လေနွေးများက သူ့ခန္ဓာကိုယ်ထက်ရှိ ချမ်းစိမ့်မှုများကို ဖယ်ရှားပေးလိုက်သည် ။

ရေဒီယိုမှ မှတ်တမ်းအစီအစဉ်လာနေ၏ ။ လူသားမျိုးနွယ်က အလိုအလျောက် မောင်းနှင်သည့် လုပ်‌ဆောင်ချက်နှင့် ကားများကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ခဲ့သော ဤခေတ်ကာလတွင် လူများက ‌ကားမောင်းရင်း ဟိုလိုဂရပ်ဖစ်မျက်နှာပြင်အား တိုက်ရိုက်ကြည့်ရှုနိုင်သည်ဖြစ်ရာ ရေဒီယို နားထောင်သည့်သူ သိပ်မရှိတော့ချေ ။ ကျစ်ယွီရှီ၏ကားသည်သာ ဤလုပ်‌ဆောင်ချက်ရှိခြင်းဖြစ်လိမ့်မည် ။

"ဒရယ်ချိုပြားမျိုးက သမင်မျိုးနွယ်ဝင်ထဲက အကြီးဆုံးအမျိုးအစား ဖြစ်ပါတယ် ။ အမြင့်ပေ သုံးမီတာအထိ ကြီးမားနိုင်ပြီး ကီလိုဂရမ် ၁၀၀၀အထိ အလေးချိန်ရှိပါတယ် ။ သူက........"

စုန့်ချင်းလန် : "..........."

သူသည် ကိုယ်ကို ညွှတ်ကိုင်းကာ ကျစ်ယွီရှီမျက်နှာကို နမ်းရှုံ့လိုက်လေ၏ ။ "မင်းက သမင်တွေအကြောင်း မှတ်တမ်းကိုတောင် နားထောင်နေတာလား ? "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Onde as histórias ganham vida. Descobre agora