အပိုင်း(၇၅)

4.1K 925 64
                                    

『Unicode』

《မင်းဘာပြောလိုက်တာလဲ

[၁၄၅၆ . ၀၆ . ၁၇ ၊ ၀၃ : ၃၀ : ၂၁ ]

အဖြူရောင် အာကာသယာဉ်သုံးစင်းက ရွှေ့ပြောင်းပလတ်ဖောင်းထက်တွင် ရုတ်တရက် ပေါ်လာခဲ့သည် ။ တံခါး‌ပေါက်များ ပွင့်ဟလာ၏ ။ ရင်ဘတ်တွင် နံပါတ် '7'ဟု ရေးသားထားသော အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းကို ဝတ်ဆင်ထားသော ပုံရိပ်သုံးခုက အာကာသယာဉ်များထဲမှ ထွက်လာကြသည် ။

တိတ်ဆိတ်နေသော်ငြား အလုပ်များနေသော တတိယကြီးကြပ်စင်တာတွင် မှန်ကွဲလောက်သည်အထိ ကျယ်လောင်သော အော်သံဖြင့် တစ်စုံတစ်ယောက်က အော်ဟစ်လာခဲ့သည် ။ ထို့နောက်တွင်တော့ ချက်ချင်း ထိုနေရာတွင် အလုပ်လုပ်နေကြသောသူများအားလုံး စုပြုံရောက်လာကာ ဝမ်းပန်းတသာ အော်နေကြတော့သည် ။

"တပ်ဖွဲ့ ၇ကွ ! "

"တပ်ဖွဲ့ ၇ ပြန်ရောက်လာပြီ !!! "

"အားးးး !!! တပ်ဖွဲ့ ၇ ပြန်ရောက်လာတာ !! "

"ဘာလို့ ၃ယောက်ပဲ ရှိနေတာလဲ ? "

"ကြီးကြပ်‌ခေါင်းဆောင်နဲ့ ဌာနမှူးဝမ်ကို မြန်မြန် သွားအကြောင်းကြား ! "

နှစ်မိနစ်အကြာ၌ အုတ်အော်သောင်းနင်းများအကြား နောက်ထပ်အာကာသယာဉ် ၃စင်းက ရွှေ့ပြောင်းပလတ်ဖောင်းပေါ်တွင် တိတ်တဆိတ် ပေါ်လာခဲ့သည် ။

အာကာသယာဉ်ငယ်အတွင်းတွင် ထုတ်ချင်းဖောက်မြင်ရသော ဘောင်ကွက်က လင်းလာ၏ ။ အနည်းငယ် မျက်စိစူးလောက်သည့် အလင်းရောင်ထဲတွင် စုန့်ချင်းလန်က အာဟာရဖြည့်စွက်ရည်တစ်ထုတ် ကမ်းပေးလာသော စက်ရုပ်လက်ကို မြင်လိုက်ရသည် ။ သူသည် လက်ခံယူလိုက်ပြီး အနည်းငယ် မော့သောက်လိုက်၏ ။ ပျို့အန်ချင်စိတ် ပျောက်ကွယ်မသွားခင် ဘောင်ကွက်အတွင်း၌ သတိပေးချက်တစ်ခုပေါ်လာခဲ့သည် ။

[ကြိုဆိုပါသည် စုန့်ချင်းလန် ၊ ထျန်းချုံမှ ပြန်လည် ကြိုဆိုပါသည် ]

[ဂုဏ်ယူပါတယ် ။ သင်က Aအဆင့်မစ်ရှင် ၁၃ခု ၊ Bအဆင့်မစ်ရှင် ၂၁ခု ၊ အထူး Sအဆင့်မစ်ရှင် ၂ခုနှင့် Sအဆင့်မစ်ရှင် ၁ခုကို ပြီးမြောက်အောင်မြင်ထားပါတယ် ။ လက်ရှိအဆင့် : *** ]

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now