အပိုင်း(၃၂)

4.4K 914 67
                                    

『Unicode』

《ထိုသို့ဖြစ်နေခဲ့သည်》

"ဒါတွေအကုန် တပ်ဖွဲ့၉က အဲ့ဒီစိတ်တိုစရာ ဂေးကောင်ကြောင့် မဟုတ်---" လီချွင်းမှာ ထိုသို့ပြောလိုက်ပြီးမှ ရုတ်တရက် ဘရိတ်အုပ်လိုက်ရသည် ။ သူသည် အလျင်အမြန် ရှင်းပြလာ၏ ။ "တစ်မျိုးမထင်နဲ့နော်..အကြံပေးကျစ် ။ ကျွန်တော်က အဲ့လိုဆိုလိုတာမဟုတ်ပါဘူး ။ ကျွန်တော်က တပ်ဖွဲ့၉က 'အဲ့ဒီလူ'ကိုပဲ ရည်ရွယ်ပြီး ကဲ့ရဲ့နေတာပါ "

ကျစ်ယွီရှီ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားချေ ။ သူပြောသာပြောလိုက်၏ ။ "အိုး..ရပါတယ် ။ ကျွန်တော် မပြောင်းလာခင်က ပိုဆိုးတာတွေကြားဖူးတယ် "

ဂေးမုန်းတီးခြင်း ၊ အလှခေါင်းအုံး ၊ သူ့အား အဖွဲ့ဝင်အသစ်အဖြစ် လက်မခံခြင်းကဲ့သို့သော အရာများ ၊ သူအများကြီး ကြားဖူးခဲ့ပြီးသားပင် ။

လီချွင်းသည် မျက်ရည်မကျဘဲ ငိုချင်သွားလေသည် ။ "ကျွန်တော် တကယ် အဲ့လိုပြောတာ မဟုတ်ရပါဘူးဗျာ ။ အကြံပေးကျစ်..ခင်ဗျားစာအုပ်ထဲ ကျွန်တော့်နာမည်ကို ထည့်မှတ်မထားပါနဲ့နော် "

ဒါကြောင့် သူဘာလို့များ အကြံပေးကျစ်နဲ့ သွားစကားပြောမိတာလဲ ?  အခုတော့ သူလုပ်ချလိုက်မိလေပြီ ။ သူ အမှန်တကယ် အကြံပေးကျစ်ကို အင်မတန်မှလေးစားရတယ်ဆိုတာ ဘုရားသာ သိလိမ့်မည် ။

"သိပါတယ်" ကျစ်ယွီရှီက ပြောသည် ။ PU-31၌ ဝရံတာတွင် လီချွင်းသည် ခပ်ဆင်ဆင်တစ်ခုကို ပြောခဲ့သည် ။

သူသည် အရင်တစ်ခေါက်က လီချွင်းပြောခဲ့သောစကားကို ပြန်ပြောပြလိုက်သည် ။ "လောင်ယွီ့မတော်တဆဖြစ်ပြီးကတည်းက ခေါင်းဆောင်စုန့်က သူ့ဘာသာသူအပြစ်တင်နေတာ ။ သူက ကျွန်တော့်ကို မလာစေချင်လို့ အဲ့လိုစကားတွေကို တမင်တကာပြောခဲ့တာ ။ အလွန်ဆုံး မင်းတို့က အဖြောင့်တွေတော့ဟုတ်ပေမဲ့ ဂေးမုန်းတီးတဲ့အထိတော့မဟုတ်ဘူး "

လီချွင်း၏ အသက်ရှင်လိုသော ဆန္ဒမှာ အလွန်ပြင်းပြလေသည် ။ "ဟုတ်တယ်   ဟုတ်တယ် ။ ဟုတ်တယ်"

အကြံပေးကျစ်က သူ့စကားများကို ရှင်းရှင်းလင်းလင်းမှတ်မိနေသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Där berättelser lever. Upptäck nu