အပိုင်း(၃၀)

5.3K 981 121
                                    

『Unicode』

《မြို့ပြ》

နှစ်နာရီတောင် မကြာသေးဘူး?

အကယ်၍ ခက်ခဲ့သည့်အခြေအနေများကြောင့် လူ့ခန္ဒာကိုယ်၏ အချိန်အာရုံခံနိုင်စွမ်းက ဆွဲဆန့်သွားလျှင်တောင် ထိုမိုးသစ်တောထဲတွင် သူတို့ရှိနေခဲ့တာ နှစ်နာရီတည်းဆိုတာ မဖြစ်နိုင်ပေ ။

ကျစ်ယွီရှီက ပြောသည် ။ "ကျွန်တော်တို့ထွက်လာတုန်းက အချိန်ကိုမြင်လိုက်တယ် ။ တကယ်ကို နှစ်နာရီတောင်မကြာသေးဘူး "

သို့သော် သူသည် ဤနေရာရှိ သံလိုက်စက်ကွင်းနှင့် ဆက်တိုက်လည်နေသော မြှားတံရှိသည့် သံလိုက်အိမ်မြှောင်အကြောင်းကို အလျင်အမြန်ပဲ သတိရသွားပြီးနောက် ထပ်မံဖြည့်စွက်ပြောလိုက်သည် ။ "နာရီရဲ့အမြန်နှုန်းက ပြဿနာရှိနေတာများလား?"

စုန့်ချင်းလန်၏နှာတံက မြင့်ပြီး နှုတ်ခမ်းများက ပါးလျသည် ။ သူသည် ရှန်မြန်ဖြင့် မုတ်ဆိတ်ကြီးအား ဆက်လက်ချိန်ထားရင်း "မဖြစ်နိုင်ဘူး ။ ငါသူ့ကိုထိုးလိုက်တုန်းက အားကိုမထိန်းလိုက်ပေမဲ့ ၁ရက် ၂ရက်ကြာတဲ့အထိ သွေးထွက်ရလောက်တဲ့အထိတော့မဟုတ်ဘူး "

ဖြစ်နိုင်သည်က သူတို့နှစ်ယောက် အချိန်နှင့်ပတ်သက်သည့်ပြဿနာကို ဆွေးနွေးနေမှန်း နားလည်သွားပုံပင် ။ မုတ်ဆိတ်ကြီးက ထပ်မံ၍ ပေါက်ကရစကားများလျှောက်အော်လာပြီး အနည်းငယ်ပို၍ ပူပင်ကြောင့်ကြနေပုံပေါ်သည် ။

ကံဆိုးစွာဖြင့် မည်သူကမျှ သူပြောသည်ကို နားမလည်နိုင်ခဲ့ပေ ။

PU-31နှင့် ထိုမှထူးဆန်းသည့် အဖြစ်များကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် နှစ်ယောက်သားမှာ အချိန်နှင့်ပတ်သက်၍ အရင်ကကဲ့သို့ တစ်သမတ်တည်း မသတ်မှတ်တော့ပေ ။ ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ထိတ်ပြာမနေခဲ့ ။

ကျစ်ယွီရှီသည် စားပွဲတင်နာရီကို ပြန်ချထားလိုက်သည် ။ "ကျွန်တော် တွေးမိတာရှိတယ်"

သူက ယုံကြည်ချက်အပြည့်ဖြင့် ခန့်မှန်းအဖြေထုတ်လာသည် ။ "ဒီကအချိန်သွားနှုန်းနဲ့ မိုးသစ်တောထဲက အချိန်သွားနှုန်းမတူတာဖြစ်ဖို့များတယ် ။ တကယ်လို့ အဲ့လိုသာဆိုရင်......ကျွန်တော်တို့ ဒီထဲ အစုပ်ခံလိုက်ရတာက မတော်တဆမဟုတ်တော့ဘဲ တကယ်တော့ မစ်ရှင်နဲ့ ပတ်သက်နေလို့ပဲ"

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now