အပိုင်း(၉၈)

3.3K 723 69
                                    

『Unicode』

《အံ့ဖွယ်》

နှစ်ယောက်သားသည် အနမ်းတွင် အင်မတန် နစ်မွန်းနေခဲ့သည်ဖြစ်ရာ အခြားလူတစ်ယောက်လုံး အခန်းထဲ ဝင်လာသည်ကိုပင် သတိမထားမိခဲ့ ။ ပုံမှန် သတိကြီးသည့် စုန့်ချင်းလန်သည်ပင် လုံးလုံး သတိမမူမိချေ ။

သူ့မျက်စိရှေ့ရှိ ကျစ်ယွီရှီက သူဘာလုပ်နေသည်ထင်သွားမှန်း ပြောစရာမလိုဘဲနှင့်တောင် စုန့်ချင်းလန် ခန့်မှန်းနိုင်သည် ။ ဦးစွာပထမ သူသည် တစ်ဖက်လူကို တွန်းကာ ဘာတစ်ခွန်းမျှမဆိုဘဲ နံရံတွင် ဖိကပ်ထားပြီးနောက် တစ်ဖက်လူ၏လက်မောင်းကို ဖမ်းချုပ်လျက် မလှုပ်နိုင်အောင်တားထားပြီး နောက်ဆုံး နှုတ်ခမ်းများထံ ဦးတည်သည် ။ သူ၏ အနှီယုတ်မာကောက်ကျစ်သည့် လုပ်ရပ်အား အခြားသူများမြင်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်၏ ၊ သူက တစ်ဖက်လူကို အခန်းထဲသို့ပင် တွန်းထည့်လိုက်သေးသည် ။ အတင်းအကျပ်နမ်းရှိုက်လာပြီး ကိုယ်ထိလက်ရောက်ကျူးလွန်လာရုံသာမက တစ်ဖက်လူကို မျက်ရည်ဝဲကာ နာနာကျင်ကျင် အော်ငိုမိသည်အထိ အနိုင်ကျင့်နေခြင်း..........ဤစက်ဝန်းစတင်ကတည်းက တစ်ခုခုက မူမမှန်ကြောင်း သတိထားမိပြီး  သူအမှားလုပ်မိလားဟု မေးခဲ့သည့်အချက်ကိုပါ ထည့်တွက်လိုက်ပါလျှင် .....အတိုချုံးပြောပါက စကားလုံး သုံးလုံးသာ : 'လူမိုက်လုပ်'နေခြင်း ။

ဤမေးခွန်းကို မေးလိုက်ပြီးနောက်မှ သူသည် 'စတီးလိုဖြောင့်သည့် ဂေးမုန်းတီးသူ 'ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသေးဆဲဖြစ်ကြောင်း ကောင်းကောင်းသိသွားသော စုန့်ချင်းလန်တစ်ယောက် စကားမပြောနိုင်တော့ချေ ။ "ထားလိုက်တော့ ။ ငါရှင်းပြရင်တောင် မင်းငါ့ကို ယုံမယ်မထင်ဘူး "

ကျစ်ယွီရှီ၏ အမူအရာမှာ ယခင်အတိုင်း အေးစက်နေဆဲ ။ "ဪ? မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ်သိမှာလဲ ? "

ထိုစကားလုံးများမှာ ကျိုးကြောင်းဆီလျော်ပုံပင် ။ သို့သည့်တိုင် ကျစ်ယွီရှီ မျက်နှာထက်ရှိ အမူအရာမှာတော့ 'မယုံကြည်'ဟု သိသိသာသာကို ဖော်ပြနေပြီး သတိပေးသည့်အကြည့်တစ်ခုလည်းရှိနေ၏ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now