အပိုင်း(၆၀)

4.4K 904 25
                                    

『Unicode』

《ပြောင်းရွှေ့စခန်း(၅)》

ခေါ်ထားတဲ့ တခြားတပ်ဖွဲ့တွေ ?

"တခြားသူတွေ ရှိသေးတာလား? "

ထန်းချီသည် မမေးဘဲ မနေနိုင်ခဲ့ ။

စာနာမှုများစွာ ၊ မယုံကြည်နိုင်မှုများစွာနှင့်အတူ အမျက်ဒေါသများစွာဖြင့် ။ အကုန်လုံးသည် ထျန်းချုံစနစ်၏ အရှက်မရှိမှုကြောင့် ပြောစရာစကားပျောက်ရှသွားရသည် ။

ခေါ်ထားတယ်လို့တောင် ပြောရဲသေးတယ် ? အသိသာကြီးကို အနုကြမ်းစီးပြီး ‌ခြိမ်းခြောက်ထားတာကို ။ ဒီကမ္ဘာပေါ်က ဘယ်သူကများ မသိရတဲ့မစ်ရှင်ကို အောင်မြင်ဖို့သပ်သပ်နဲ့ သူတို့အသက်ကို စွန့်စားမှာတုန်း ?

"ရှိပါတယ် " ထျန်းချုံကဆိုသည် ။ "တခြားအချိန်နဲ့အာကာသတွေမှာ သူတို့ရဲ့အချိန်နဲ့အာကာသကို ထိန်းသိမ်းဖို့အတွက် အလုပ်လုပ်နေကြတဲ့ သင်တို့လို လူတွေအများကြီး ရှိပါတယ် ။ အကဲဖြတ်စစ်ဆေးထားတဲ့ သူတို့ရဲ့ စွမ်းရည်အဆင့်များအရ တစ်ဖွဲ့စီက ဖွင့်လိုက်တဲ့ မစ်ရှင်အဆင့်တွေက ကွဲပြားမှာ ဖြစ်ပါတယ် "

ကျိုးမင်ရွှမ်းက လှောင်ရယ်လိုက်ပြီးနောက် မေးလိုက်၏ ။ "ငါမေးပါအုံးမယ် ၊ ပေးထားတဲ့ မစ်ရှင်တွေကို အောင်မြင်သွားရင် ဆုတွေဘာတွေများ ရှိလား ? "

သူသည် သာမန်ကာလျှံကာသာ မေးလိုက်ခြင်းဖြစ်သည် ။ အနှီညစ်တစ်တစ်စနစ်ထံမှ သူသည် ဘာတစ်ခုတစ်လေကိုမျှ လုံးဝမမျှော်လင့်ထားသည်ပေ ။

မည်သူကမျှ ဆုလာဘ်များကို မျှော်မှန်းမထားခဲ့ ။

သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာ ထျန်းချုံက အမှန်တကယ် အဖြေပေးလာ၏ ။ "သင်တို့အတွက် ပြင်ဆင်ပေးထားတဲ့ မစ်ရှင်တွေကို ပြီးမြောက်အောင်မြင်သွားရင် သင်တို့ ဆုလာဘ်များကို လက်ခံရရှိပါလိမ့်မယ် "

ထျန်းချုံစနစ်သည် အချိန်နှင့်အာကာသ၏ အုပ်ချုပ်စီမံရေး‌တွင် ပါဝင်နေသဖြင့် ၎င်းထံမှ ဆုက သဘာဝကျစွာပင် အချိန်နှင့်အာကာသဖြင့် ပတ်သတ်နေလိမ့်မည် ။ ထိုစကားကို ‌ကြားသော် ကျစ်ယွီရှီ၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့ပြီး သူ့မျက်တောင်များပင် လှုပ်ခတ်သွားခဲ့သည် ။ သို့သော် အချိန်ခဏအတွင်း သူ့မျက်နှာထားက ပြန်လည်တည်ငြိမ်သွားလေ၏ ။ ကျစ်ယွီရှီသည် သူ့ခံစားချက်များကို ဖုံးကွယ်ရာ၌ အမြဲတမ်း ကျွမ်းကျင်သည်ပင် ။ တည်ငြိမ်ကာ ကိုယ့်အားကိုယ်ကိုးပြီး သူ၏မည်သည့်ခံစားချက်ကိုမျှ မပြသခဲ့ ။ ဤသည်က အခြားသူများ သူ့အတွင်းစိတ်ကို သိရှိရန် ခက်ခဲစေသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Opowieści tętniące życiem. Odkryj je teraz