အပိုင်း(၇၆)

4.2K 958 115
                                    

『Unicode』

《ငါမေးချင်တာက 》

"ဟူး..အဲ့တာဆိုရင်တော့ မင်းသေချာပေါက် မှားနေတာပဲဖြစ်မယ် " ထန်းလဲ့က သူ၏အခြေအနေများကို နားလည်ထားမှုအပေါ် ယုံကြည်မှုအပြည့်ပင် ။ သူကဆက်ပြောလာ၏ ။ " အကြံပေးကျစ်မှာက ကောင်လေးရှိတယ်လေ ၊ ပြီးတော့ မြင်မြင်ချင်း အချစ်တောင်ဖြစ်နေလိုက်သေးတယ် ။ သူက ဘယ်လိုလုပ် အဲ့လိုဟာမျိုးကို ဖြစ်သလို ပြောမှာလဲ ? "

ပြောင်းရွှေ့စခန်း၌ စုန့်ချင်းလန်၏ ပုံရိပ်ယောင်ကမ္ဘာတွင် သူသည် ကျစ်ယွီရှီနှင့် ဤအကြောင်းကို သီးသန့်ပြောခဲ့ဖူးလေ၏ ။ ထန်းလဲ့အပြင် ထန်းချီနှင့် စုန့်ချင်းလန်လည်း ရှိနေခဲ့သည် ။

သွမ့်ဝမ်က ထိုနေရာတွင် ရှိမနေခဲ့သူပင် ။ သူအနည်းငယ် အံ့အားသင့်သွားရသည် ။ "အကြံပေးကျစ်မှာ ကောင်လေးရှိတယ်လား ?! " ထန်းချီက သက်သေခံပေးလိုက်သည် ။ "ရှိတယ် ။ ကျွန်တော်လဲ သူအဲ့အကြောင်းပြောတာ ကြားဖူးတယ် "

ထိုအကြောင်းကိုကြား‌လိုက်ရချိန်တွင် လီချွင်းကပို၍ပင် ရှက်ရွံသွားလေသည် ။ သူခုနက ပြောခဲ့သည်ကို ပြန်ရုတ်သိမ်းနိုင်ရန်သာ ဆုတောင်းမိသည် ။ "အာ..ဒါဆို ကျွန်တော် သေချာပေါက် အမှားလုပ်မိတာပဲ ! ကျေးဇူးပြုပြီး အကြံပေးကျစ်ကို ဒီအကြောင်း ပေးမသိပါစေနဲ့နော် ၊ မဟုတ်ရင် သူကျွန်တော့်ကို သေချာပေါက် တေးမှတ်ထားတော့မှာဗျ ! "

ထန်းလဲ့ : "ပြီးတော့ မင်းကများ ကောင်မလေးတွေနဲ့ အီစီကလီလုပ်ဖို့ ဒါကိုသုံးချင်သေးတယ်ပေါ့ ? "

အကုန်လုံး လီချွင်းကို လှောင်ရယ်နေကြသဖြင့် လီချွင်း မျက်နှာအမူအရာမှာ ခါးသက်လာတော့သည် ။ သို့သော် သူ့နာမည်ပျက်ကို ရှင်းနိုင်မည့် နည်းလမ်းတော့မရှိချေ ။ အနှီရွှယ်ကျားလေးခမျာ သူ၏ သင်ကြားမှုစွမ်းရည်များပေါ်တွင် ယုံကြည်ချက်မရှိသလို ‌ကြုံလာသမျှ မေးခွန်းများစွာနှင့် သံသယများကြောင့် သူကသာ အမှားလုပ်မိသူဟု ပို၍ပင် သေချာလာတော့သည် ။

တပ်ဖွဲ့ထဲတွင် ကျစ်ယွီရှီကသာ မတူညီသော လိင်စိတ်တိမ်းညွှတ်မှုရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏ ၊ စကားဝိုင်းမှာ သူချစ်သူကောင်လေး ရှိမရှိ ဆွေးနွေးပွဲအဖြစ် ပြောင်းလဲသွားလေ၏ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now