အပိုင်း(၄၄)

4.3K 917 97
                                    

『 Unicode 』

《ငါမင်းကိုယုံတယ် 》

ကျစ်ယွီရှီမေးလိုက်၏ ။ "ဘာလို့ ရုတ်တရက်ကြီး နျဉ်းမြို့ကို လာနေတာလဲ?"

"ရုတ်တရက်ကြီး မဟုတ်ပါဘူး " စုန့်ချင်းလန်က ပြောလာသည် ။ "ငါတစ်လလောက် ပျောက်နေခဲ့တာ ငါ့အဘိုးဆီ သွားလည်သင့်တယ်လေ "

ကျစ်ယွီရှီက စုန့်ချင်းလန်ရောက်မည့်အချိန်ကို မေးလိုက်ပြီးနောက် ပြောလိုက်သည် ။ "ကျွန်တော်အခုအပြင်ရောက်နေလို့ ၊ ခင်ဗျားကို ဘူတာရုံမှာ လာကြိုလို့ရတယ် "

လက်ရှိ ကျစ်ယွီရှီအတွက် "ဝမ်ရှောင်းချန်"နှင့် ပတ်သက်သောအချက်အလက်များမှာ အလွန်အရေးကြီးလေ၏ ။ သူအများကြီး မတွေးခဲ့သလို တစ်ဖက်လူ အဆင်ပြေမပြေကိုလည်း ထည့်မတွက်ခဲ့ချေ ။

အမှန်တော့ စုန့်ချင်းလန်သည် မနက်က ဖုန်းချပြီးပြီးချင်း သူ့စပို့ကားနှင့် မီးကုန်ယမ်းကုန် အရှိန်မြှင့်မောင်းနှင်လာခဲ့ရာ သူသည် နျဉ်းမြို့သို့ပင် ရောက်နေပြီဖြစ်၏ ။ ရောက်လာပြီးနောက် သူတို့တစ်ညလုံးမအိပ်ထားဘဲ ကျစ်ယွီရှီသည်လည်း အနား‌ယူနေသေးလောက်ကြောင်း သတိထားမိသွားသည် ။

ထိုအကြောင်းပြချက်ကြောင့် စုန့်ချင်းလန်သည် ကျစ်ယွီရှီကို ရှာဖွေလိုသည့်ဆန္ဒကို ချုပ်တည်းကာ သူ့အဘိုးအိမ်သို့ အရင်သွားခဲ့သည် ။

သူသည်လည်း သတင်းအချက်အလက်များကို အခုမှသာ လက်ခံရရှိခဲ့ပြီး တစ်ချက်ကြည့်ပြီးပြီးချင်း ကျစ်ယွီရှီထံသို့ စာပို့လိုက်၏ ။

ကျစ်ယွီရှီတစ်ယောက် အလွန်မြန်ဆန်လွန်းလှစွာ ဖုန်းပြန်ခေါ်မည်ဟုတော့ သူမမျှော်လင့်ခဲ့ပေ ။

ဖုန်းလိုင်းဆက်သွယ်သွားပြီးနောက် အင်မတန်စိတ်အားထက်သန်ပုံ ပေါက်နေမည့်အရေးကို ရှောင်ရှားရန် စုန့်ချင်းလန်က သာမန်ကာလျှံကာ လိမ်ညာလိုက်ပြီး သူလာရာလမ်းတွင် ရှိသေးကြောင်းသာ ပြောလိုက်ခြင်းပင် ။

ထို့ကြောင့် ကျစ်ယွီရှီက ရောက်မည့်အချိန်ကို မေးမြန်းလာသောအခါ သူသည် အချိန်ကိုတစ်ချက်ကြည့်ကာ မုသားဆိုလိုက်၏ ။ "၈နာရီလောက် ရောက်လိမ့်မယ် "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Kde žijí příběhy. Začni objevovat