အပိုင်း(၉၃)အဆုံးသတ်စက်ဝန်း

4.1K 799 38
                                    

『Unicode』

အဆုံးသတ်စက်ဝန်း
《ကျွန်တော်မွေးချင်တယ်》

[ ၁၄၄၈ . ၀၈ .၁၃ ၊ ၁၆ :၀၃ : ၅၁ ]

ရာသီဥတုမှာ ပူနွေးစိုထိုင်းနေလျက် ။ မကြာမီ မိုးရွာတော့မည့်အလား ။ ကျစ်မင်ယွဲ့က တဗျစ်တောက်တောက်ပြောနေသည့်အချိန် ကျစ်ယွီရှီ ကားပြတင်းမှန်ကို မှီထားလိုက်သည် ။ "မင်းအိမ်ကို အမေနဲ့ငါ ကူရှင်းပေးပြီးသားလေ ။ ငါသေချာစစ်ဆေးကြည့်ပြီးတော့ မင်းလိုတာမှန်သမျှ အကုန်ပြင်ဆင်ပေးပြီးသွားပြီ ။ ကြည့်လိုက်...မိုးလေဝသသတင်းက နောက်ရက်ပိုင်းအတွင်း မိုးသည်းမှာတဲ့ ။ ဘာလို့ နောက်မှ မပြောင်းဘဲ အိမ်မှာ ရက်နည်းနည်းလောက် ထပ်မနေတာလဲ ? "

အသက် ၁၇နှစ်အရွယ်တွင် သူသည် အထက်တန်းအောင်ပြီးကာစ ။ ရုတ်တရက် အစီအစဉ်မရှိ ဆန္ဒပေါ်လာသဖြင့် ဘာတစ်ခွန်းမျှမဆိုဘဲ လေယာဉ်လက်မှတ် ဘိုကင်တင်ကာ ကာဒိုကျွန်းတွင် ပျော်ပါးရန် ပြေးထွက်သွားခဲ့သည် ။ ကျစ်မိသားစု သူ့ထံမှ ဖုန်းလက်ခံရရှိချိန်တွင် သူက သူ့ဦးတည်ရာကိုပင် ရောက်နှင့်နေလေပြီ ။

ဒီနေ့ ပြန်ရောက်လာသောအခါ သူ့ကို ကားဖြင့်လာကြိုသူက ကျစ်မင်ယွဲ့ပင် ။ ကျစ်ယွီရှီသည် ကာဒို၏နေရောင်ခြည်ထဲတွင် လတစ်ဝက်ကျော်နေထိုင်ခဲ့ရာ သူ့အသားအရည်က ယခင်ကထက် ပိုညိုသွားပြီး သူ့အား ကျန်းမာသည့် ဝင်းလဲ့မှုကို ပေးစွမ်းနေခဲ့သည် ။

ကျစ်မင်ယွဲ့၏ အကြံပြုချက်ကို ကြားချိန်တွင် သူပြန်ဖြေလိုက်သည် ။ "မိုးရွာတာ မရွာတာက အိမ်ပြန်တာနဲ့ ဘာဆိုင်လို့လဲ ? ကောလဲ ၁၈နှစ်မပြည့်ခင် ပြောင်းသွားတာ မဟုတ်လား ? "

ငယ်ရွယ်ကာ ပုန်ကန်တတ်သည် ။ လူတိုင်း ဤသို့သော အချိန်မျိုး ရှိခဲ့သည်ပေ ။ အနှီ ပုန်ကန်တတ်သည့်အရွယ်က ကျစ်ယွီရှီထံ အနည်းငယ် နောက်ကျပြီးမှသာ ရောက်လာခဲ့ရုံ ။

ကျစ်မင်ယွဲ့သည်လည်း အသက်၂၀ထဲတွင်သာရှိနေသေးသဖြင့် သူ၏ငယ်ရွယ်ပျိုမြစ်သော နှလုံးသားလေးကို ထိန်းသိမ်းထားဆဲ ။ "ဟုတ်ပါပြီကွာ ။ ကောင်းတာတွေကို သင်ယူရမဲ့အစား ငါ့အကျင့်ဆိုးတွေကိုမှ မင်းသင်ရတယ်လို့ "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now