အပိုင်း(၂၀)

6.3K 1.1K 122
                                    

『Unicode』

《မှန်အောင်မှန်းနိုင်ရင် ဆုရမှာလား》

ကျစ်ယွီရှီက  အခြေစိုက်ဌာနအတွက် အကြမ်းဖျင်းမိတ်ဆက်အကြောင်းကို < ရွှေကျီးကန်း အမှတ် ၁ : ပြန့်ပွားခြင်း >စာအုပ်ထဲတွင် ဖတ်ခဲ့ဖူးပြီး ရွှေကျီးကန်း အမှတ်၂ ၏ ဒုတိယအဆင့်အတွက် အစီအစဥ်ကိုလည်း မြင်ခဲ့သည် ။

"ဒီက ဆက်သွယ်ရေးကွန်ရက်တွေက ပိတ်နေလို့ အခြေစိုက်ဌာန တည်နေရာကို တိုက်ရိုက်ရှာဖို့ ခက်လောက်ပေမဲ့ ကျွန်တော်တို့ ရှာလို့ ရနိုင်သေးတယ် " ကျစ်ယွီရှီက ပြောလိုက်သည် ။ " အခြေစိုက်ဌာနကို အတော်ကြီးကြီးဆောက်ထားတာ ၊ စက်ဝိုင်းခြမ်းပုံစံရှိပြီး အခြေစိုက်ဌာန နှစ်ခုက မှန်လို တစ်ခုနဲ့တစ်ခုရှိနေတာ  "

စုန့်ချင်းလန် ခေတ္တမျှ တွေးတောသွားရပြီး "အဲ့တာက ​ခွက်ဇောက်ထိုးပုံစံနဲ့တူလား? "

ကျစ်ယွီရှီက ဟုတ်တယ်ဟု အဖြေပေးလာသည် ။

စုန့်ချင်းလန် : "မင်းစာအုပ်ဆိုင်မှာ စာအုပ်တွေကို စစ်ဆေးနေတုန်းက ဒရုန်းကနေတစ်ဆင့် အဖွဲ့၃ကသွမ့်ဝမ်နဲ့ ငါ အဲ့လိုနေရာမျိုးကို တွေ့လိုက်တယ် ။ ဒါပေမဲ့ အဲ့တာက ရွှေကျီးကန်း အမှတ် ၁ လား ၊ အမှတ် ၂ လားဆိုတာတော့ မသေချာဘူး"

​စုန့်ချင်းလန်က ပြောနေရင်းနှင့်ပင် သွမ့်ဝမ်ကို အတည်ပြုရန် ဒရုန်းထပ်မံလွှတ်တင်ခိုင်းလိုက်သည် ။

အာကာသကားသည် စတင်၍ ရွေ့လျားလာ၏ ။

စာအုပ်ဆိုင်အနောက်ဘက်မှနေ၍ သူတို့၏ ယာယီအခြေချစခန်းအဖြစ် အသုံးပြုခဲ့သော တောင်ကုန်းငယ်မှ ထွက်ခွာလာခဲ့သည် ။

အဝေး၌ အဆောက်အဦးများစွာနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်များရှိနေသည် ။ ဦးတည်ရာမဲ့ လျှောက်သွားနေကြသော ဖုတ်ကောင်များသည်ပင် သာမန်လူသားများနှင့် တူညီနေသည်မှာ မျိုးရိုးဗီဇပြောင်းလဲခြင်းများသာ ဘယ်သောအခါမှ ဖြစ်ပေါ်မလာခဲ့လျှင် ရှိနိုင်လောက်မည့် ဤကမ္ဘာ၏ပုံစံအခြေအနေကို သူတို့အား ပြသနေသယောင် ။

ယခုအချိန်တွင် ဒုတိယစက်ဝန်းမှ အဖွဲ့ ၂သည် စာအုပ်ဆိုင်ထဲတွင် သတင်းအချက်အလက်များ ရှာဖွေကာအစီအစဥ်ဆွဲနေဆဲပင် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Nơi câu chuyện tồn tại. Hãy khám phá bây giờ