အပိုင်း(၈၁)

4.8K 1K 231
                                    

『Unicode』

《ကျွန်တော် ပြန်လာခဲ့တာက 》

သူ့နှုတ်ခမ်းများထက် ပူနွေးသော ခံစားချက်တစ်ခု ရှိနေ၏ ။ ကျစ်ယွီရှီ၏ အသက်ရှူနှုန်းများ ရပ်တန့်သွားပြီး သူ့လက်ထဲရှိ ရေသန့်ဘူးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည် ။

ကြည်လင်သော ရေသန့်များက ကြမ်းပြင်တစ်ခုလုံး ဖိတ်စင်သွားကာ ရေဘူးအပေါက်ဝမှတစ်ဆင့် တစိမ့်စိမ့်စီးကျနေသည် ။ ကြမ်းပြင်ထက်တွင် ရေအကွက်လိုက်ကြီးပေါ်လာသဖြင့် စက်ရုပ်လက်မောင်းက တဘတ်ယူရန် ချက်ချင်းရွှေ့သွားလေ၏ ။ သို့သော် လူသားများကတော့ အာရုံမစိုက်ပါချေ ။

ခပ်ဖွဖွအနမ်းတစ်ခုသာဖြစ်၏ ။ ဖွလွန်းသဖြင့် ဘယ်တုန်းကမျှ မဖြစ်ပျက်ခဲ့သည့်အလား ။

နှုတ်ခမ်းများက ခွဲခွာရန် တွန့်ဆုတ်နေကြပြီး တဖြည်းဖြည်း မကွာသွားခင် အသာ ဖိကပ်လိုက်သေး၏ ။

စုန့်ချင်းလန်သည် ကျစ်ယွီရှီ၏ နှုတ်ခမ်းများကို အသာလေး ထိရုံသာ ထိလိုက်သည်မှာ တန်ဖိုးထားမြတ်နိုးရသော ရတနာတစ်ခုကို ထိတွေ့နေသည့်နှယ် ။

အနမ်းခံလိုက်ရသည့်နေရာတွင် လျှပ်စီးကြောင်းများ ဖြတ်သန်းသွားသယောင်ပင် ။ သူ့နှုတ်ခမ်းထက်၌ စွဲကျန်ရစ်သော အထိအတွေ့က အင်မတန် ထင်ရှားနေသေးဆဲ ။ ၎င်းက နူးညံ့ပူပြင်းကာ အနည်းငယ်စိုစွတ်လေ၏ ။ ကျစ်ယွီရှီသည် လုံးဝကြောင်အမ်းနေခဲ့သည် ။

စုန့်ချင်းလန်၏ စကားသံက ကွဲအက်နေပြီး "မင်း လက်ခံလိုက်ပြီ "

သူ့ဝင်‌လေထွက်လေများက ပူပြင်းနေလျက် ။ ကျစ်ယွီရှီ မျက်နှာသည်လည်း ပူနွေးလာရသည် ။ စုန့်ချင်းလန်က သေချာစွာ ပြောလာခဲ့သည် ။

စဉ်းစားရန် ၂၄နာရီ အချိန်ပေးထားသော မေးခွန်းအတွက်မူ ကျစ်ယွီရှီက စုန့်ချင်းလန်အား အထူးတလည် တစ်ဖန်ပြန်မိတ်ဆက်လာကတည်းက အဖြေပေးနှင့်ပြီး ဖြစ်သည် ။ သို့နှင့် သူသည် အချိန်ကို ရှေ့သို့ တိုးကာ စုန့်ချင်းလန်အား သွယ်ဝိုက်ပြီး 'အိုခေ'ပြောခဲ့ခြင်းပင် ။

ကျစ်ယွီရှီသည် ချောင်ပိတ်မိနေကာ ထွက်ပြေးနိုင်မည့်လမ်းလည်း မရှိပေ ။ အရာအားလုံးက ဒီအခြေအနေထိ အဆင့်တက်လာမှတော့ သူသည် ကွေ့ဝိုက်မနေတော့ဘဲ တတ်နိုင်သမျှ တည့်တိုးသာ အဖြေပြန်ပေးလိုက်နိုင်၏ ။ "အင်း "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Nơi câu chuyện tồn tại. Hãy khám phá bây giờ