အပိုင်း(၂)

8.8K 1.3K 94
                                    

『Unicode』

《မှတ်ဉာဏ်ကောင်းတဲ့သူတွေက အငြိုးအတေးကြီးတယ်》

ထိုသူက ထျန်းချုံအခြေစိုက်စခန်းတွင် ရှိနေခဲ့ပြီး ဌာနမှူးကိုယ်တိုင် သွားခေါ်လာရသည့် လူလည်းဖြစ်သည် ။

စုန့်ချင်းလန် သတင်းရပြီးသည်နှင့် စခန်းဆီ ဦးတည်လိုက်၏ ။ သူ၏ အရပ်နှင့် ခြေတံရှည်များကြောင့် လျှောက်လမ်းကို ဖြတ်ကာ ရွှေ့ပြောင်းခန်းထဲရောက်ဖို့ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသည် ။

"ခေါင်းဆောင်စုန့် "

"အာ ခေါင်းဆောင်စုန့် "

လမ်းတစ်လျှောက် တွေ့သမျှ လူတိုင်းက သူပုံမှန်အတိုင်းရှိနေသည်ကို မြင်သော်ငြား တစ်ယောက်ပြီးတစ်ယောက် အော်ကာ နှုတ်ဆက်လာ၏ ။ မီးတောင်သည် ထိုသြဇာကြီးမားသည့် အရှိန်အဝါနှင့် ထိန်းချုပ်မှုအောက်တွင် ပေါက်ကွဲတော့မည်ဖြစ်ကြောင်း သူတို့တစ်နည်းနည်းဖြင့် ခံစားမိခဲ့ကြသည် ။

သိပ်မကြာခင်မှာပဲ ခေါင်းဆောင်စုန့်က တစ်စုံတစ်ယောက်ကို တရားဝင် မောင်းထုတ်ပစ်တော့မည်ဟူသော အတင်းအဖျင်းက ဌာနတစ်ခုလုံး ပျံ့နှံ့သွား၏ ။

မိနစ်အနည်းငယ်ကြာသောအခါ စုန့်ချင်းလန် မြေအောက်ကို ရောက်လာ၏ ။

[ကြိုဆိုပါတယ် စုန့်ချင်းလန် ၊ ထျန်းချုံမှ ပြန်လည်ကြိုဆိုပါတယ် ]

ဘေးနှစ်ဖက်လုံးမှ တံခါးများ ပွင့်ဟသွားပြီး အီလက်ထရောနစ်အမျိုးသမီးအသံထွက်ပေါ်လာသည် ။ မစ်ရှင်မစတင်ခင်ထွက်ပေါ်လာသည့်အချိန်များကဲ့သို့ပင် ထိုအသံက ညင်သာနေဆဲ ။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော် အချိန်တုန်းက နိုင်ငံ့သိပ္ပံအဖွဲ့အစည်းက အချိန်ခရီးသွားခြင်းနှင့်ပတ်သက်ပြီး ရှာဖွေတွေ့ရှိခဲ့ကြသည် ၊ ထိုမှတစ်ဆင့် ယနေ့ခေတ်
အချိန်စီမံမှုအဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးလာ၏ ။ နိုင်ငံပေါင်းစုံတွင် ဌာနခွဲများ ရှိသော်လည်း ဒီနေရာတွင်ရှိသည်က ပင်မဌာနချုပ် ဖြစ်သည် ။ မြေအောက် နှစ်ကီလိုမီတာ အနက်တွင် လူထောင်ပေါင်းများစွာက အချိန်အတော်ကြာ ပင်ပန်းခက်ခဲစွာ အလုပ်လုပ်နေကြရသည် ။ မှောင်မဲသော မြေအောက် ပင်မဌာနချုပ်က  နေ့နေ့ညည အမြဲတစေ လင်းချင်းနေမြဲ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now