အပိုင်း(၁၆)

5.8K 1.1K 190
                                    

『Unicode』

《ရုတ်တရက်ကြီးရောက်လာခြင်း(ဒုတိယနာရီ)》

"ဒါတကယ် ကျွန်တော့်ဆေးဘူးပဲ ။ အပြည့်ရှိတာသေချာအောင် မစ်ရှင်တစ်ခုမသွားခင်တိုင်း ကျွန်တော်အမြဲစစ်ဆေးနေကြ "

ကျစ်ယွီရှီသည် အလွန်သဘာဝကျစွာ ပြောလာသည်မှာ သူနှင့်အတူ ဆေးဘူးသွယ်သွားရခြင်းက သူ့အတွက် ကိစ္စကြီးမဟုတ်သကဲ့သို့ပင် ။

"ဆေးနှစ်လုံးပျောက်နေတယ် ၊ တစ်ခုကို ကျွန်တော် ပန်းခြံစီမံခန့်ခွဲရေးရုံးခန်းမှာသောက်ခဲ့တာ ။ နောက်တစ်လုံးကို စာအုပ်ဆိုင်ရောက်ပြီးတော့ သောက်ခဲ့တယ် ။ ပြီးတော့ ခင်ဗျားကျွန်တော့်ကို ရိုက်ဖို့လုပ်--"

"နေပါအုံး..ငါကမင်းကို ရိုက်ဖို့လုပ်တယ် ? "

စုန့်ချင်းလန်က မယုံကြည်နိုင်စွာ ပြန်မေးလာ၏ ။

ကျစ်ယွီရှီက ခဏရပ်သွားပြီးနောက် သူ့စကားအထားအသိုကို အနည်းငယ်ပြန်ပြင်လိုက်သည် ။ "--ကောင်းပြီ ။ ခင်ဗျား နားလည်မှုလွဲသွားတဲ့ အချိန်တုန်းက ၊ ဆေးဖောက်ထားတဲ့နေရာက ကွက်တိတူနေတာဆိုတော့ ဒါတကယ် ကျွန်တော့်ဟာပဲ ။ ခင်ဗျား ဒါကို ဘယ်က ရှာတွေ့ခဲ့တာလဲ ? "

စုန့်ချင်းလန်သည် သူ့ကို အလွတ်ပေးဖို့ ဆုံးဖြတ်လိုက်၏ ။ သူသည် အခြေအနေကို ရှင်းပြလိုက်ပြီး မေး၏ ။ "ဒါဆို ဘာလို့ဆေးဘူးက နှစ်ဘူးရှိနေတာလဲ?"

နှစ်ယောက်လုံးသည် ခုနက သူတို့၏ အာကာသကားဖြင့် ဖိကြိတ်ခံလိုက်ရသောကားငယ်ကို တွေးမိသွားသည် ။

အကယ်၍ အဲ့ဒီကားထဲက လူတွေက ဒီကမ္ဘာက အသက်ရှင်ကျန်သူတွေ မဟုတ်ခဲ့ရင်ရော ?

"ခေါင်းဆောင်စုန့်..ကျွန်တော် မေးစရာတစ်ခုရှိတယ် "ကျစ်ယွီရှီသည် သူထင်ထားသည်ထက်ပို၍ တည်ငြိမ်နေသည် ။ သူက <ရွှေကျီးကန်း အမှတ် ၁ :​ ပြန့်ပွားခြင်း>ဆိုသော စာအုပ်ကို ပိတ်လိုက်သည် ။

"ဒုတိယတစ်ခေါက်တုန်းက စတိုးဆိုင်အပြင်မှာ ခင်ဗျား ထန်းချီကို ကယ်ဖို့ ကြိုးစားနေခဲ့တာကြောင့် ထန်းလဲ့နဲ့ ခင်ဗျားက နောက်ဆုံးမှ ဝင်လာခဲ့တယ် ။ အကိုက်ခံရတဲ့နေရာက သူပထမတစ်ကြိမ်တုန်းက အကိုက်ခံရတဲ့နေရာနဲ့ အတူတူပဲလား ?"

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Hikayelerin yaşadığı yer. Şimdi keşfedin