အပိုင်း(၄၆)

4.4K 899 94
                                    

『Unicode』

《မှတ်ဉာဏ်နှစ်ထပ်》

အမှန်တကယ်ကို ဌာနမှူးဝမ် ဖြစ်နေခဲ့သည်။

ဓာတ်ပုံထဲရှိ သက်လတ်ပိုင်းအရွယ်အမျိုးသမီးမှာ ပြီးခဲ့သည့် ၁၅နှစ်လုံးလုံး ကျန်းမြို့ဌာနခွဲကို တာဝန်ယူခဲ့သောသူဖြစ်‌သည်။ 

ကျစ်ယွီရှီက ဤအကြောင်းကို သေချာသိနေရသည်မှာ ယခုသူသည် မှတ်ဉာဏ်နှစ်ခုပိုင်ဆိုင်ထားသောကြောင့်ပင် ။

စုန့်ချင်းလန်အတွက်မူ အမျိုးသမီးရုတ်တရက်ပြေးလာခြင်းက အရင်စက်ဝန်းကို မှတ်မိစေသော သူ့မှတ်ဉာဏ်သော့ချက်ဖြစ်ကြောင်း ကားထဲတွင် သူပြောခဲ့သည့်အတိုင်း ထပ်တူညီသည့် တစ်စုံတစ်ခုဖြစ်ပျက်သွားသည် ။

ဌာနမှူးဝမ်၏ဓာတ်ပုံကို သူမြင်လိုက်သည့်တစ်ခဏတွင် စုန့်ချင်းလန်၏မှတ်ဉာဏ်များမှာ သူ့ခေါင်းထဲသို့ ပြန်လည်တိုးဝင်လာပြီး သူမ၏ အရင်က ‌ဝိုးတဝါးပုံရိပ်က ပို၍ ထင်ရှားလာခဲ့သည် ။

အနှေးပြကွက်ရုပ်ရှင်တစ်ကားအလား ၊ အနှီမှတ်ဉာဏ်များမှာ စုန့်ချင်းလန်၏လက်ရှိ မှတ်ဉာဏ်များဖြင့် တစ်ကွက်ချင်းထပ်တူကျသွား‌လေ၏ ။

အချက်အလက်များစွာ ထိုးထွက်လာခြင်းက စုန့်ချင်းလန်အား ခေါင်းကိုက်သွားစေသည် ။ သူထျန်းချုံသို့ ဝင်ရောက်ခဲ့သည့် အချိန်မှစကာ နောက်ထပ်မှတ်ဉာဏ်အသစ်တစ်ခုထွက်ပေါ်လာပြီး ရက်ပေါင်းတစ်ထောင်စာနီးနီး မှတ်ဉာဏ်များက သူ့ခေါင်းထဲ ပြန်ပေါ်လာခဲ့သည် ။ လူများနှင့် အဖြစ်အပျက်များအားလုံး ပြောင်းလဲသွားသည့်တိုင် မူလက ရှိနေသော ဆန့်ကျင်ဘက်မှတ်ဉာဏ်များက ပျောက်ကွယ်မသွားခဲ့ချေ ။

"ခေါင်းဆောင်စုန့် !"

အလှမ်းဝေးသော အသံတစ်သံကို ကြားလိုက်ရသည် ။

"ခေါင်းဆောင်စုန့် !"

အသံသည် တဖြည်းဖြည်း နီးကပ်လာပြီးနောက် စုန့်ချင်းလန်၏ ရှေ့တည့်တည့် ရောက်လာ၏ ။

စုန့်ချင်းလန်သည် အသိပြန်ဝင်လာကာ သူ့တံတောင်များက စားပွဲထက်တွင်ရှိနေလျက် သူ့လက်ချောင်းများ နားထင်များကို‌ ထောက်ထားသည်ကို မြင်လိုက်ရပြီး သူ့နဖူးထက်တွင် ချွေးစေးများလည်း ထွက်နေခဲ့သည် ။ သူ့အသံရှူနှုန်းမှာ တိုးလျမြန်ဆန်နေ၏ ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now