အပိုင်း(၉၈)

Start from the beginning
                                    

ဤသည်က လုံးဝကို အဓိပ္ပာယ်မရှိပေ ။ သူ့ရှေ့ရှိ ကျစ်ယွီရှီက သူ့ကို‌ယုံကြည်လာအောင် သူဘာပြောသင့်သည်လဲ ? သို့သော်ငြား လက်ရှိတိုးတက်မှုအကြောင်း စုန့်ချင်းလန် တွေးမိသွားသောအခါ သူ့နှလုံးသားက စိတ်အေးသွားတော့သည် ။ အနည်းဆုံးတော့ ကျစ်ယွီရှီက ဤမစ်ရှင်တွင် တကယ်ရှိနေကြောင်း သူအတည်ပြုနိုင်သွားခဲ့သည် ။ သူတို့၏စက်ဝန်းများက မတူညီလျှင်တောင် သူတို့၏မူလအ‌ချိန်နှင့်အာကာသသို့ အတူတူပြန်သွားနိုင်သေးသည် ။

စုန့်ချင်းလန်သည် နေရခက်သော တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည် ။ သူသည် တွေဝေတုန့်ဆိုင်းမှုတစ်စုံတစ်ရာမရှိဘဲ ပြောလာခဲ့သည် ။ "ငါက အနာဂတ်ကလာတာ "

ကျစ်ယွီရှီ၏အမူအရာမှာ ပြောင်းလဲမသွားချေ ။ သူ 'ပေါက်ကရ' ဆက်ပြောလာမည်ကို စောင့်ဆိုင်းနေ၏ ။

"ခုနက မင်းတွေ့လိုက်တဲ့မင်းကလဲ အနာဂတ်ကပဲ " စုန့်ချင်းလန်က အနည်းငယ် ဂုဏ်ယူနေပုံပင် ။ "ငါတို့က အနာဂတ်မှာ စုံတွဲတွေလေ ။ ပြောချင်တာက ငါကွေးသွားရုံတင်မကဘူး ၊ မင်းရဲ့ချစ်သူကောင်လေးလဲ ဖြစ်သွားတယ် "

ကျစ်ယွီရှီ : "............"

စုန့်ချင်းလန်က အနားသို့ တဖြည်းဖြည်း ချဉ်းကပ်သွားကာ သူ့ကိုငုံ့ကြည့်လာ၏ ။ "အဲ့လောက်ထိလဲ မယုံမကြည်ဖြစ်မနေပါနဲ့ ။ မင်းအခုမြင်နေတဲ့ငါက တကယ်တော့နောက်ထပ်ငါဖြစ်ပြီး မင်းခုနက မြင်လိုက်တဲ့မင်းကလဲ နောက်ထပ်မင်းပဲ ။ ထူးခြားတဲ့ အကြောင်းရင်းတစ်ချို့ကြောင့် ငါတို့က ကွဲသွားပြီး ပြန်ဆုံနိုင်ဖို့ ဒီမစ်ရှင်ထဲ အတင်းပို့ခံလိုက်ရတာ ။ ကူးပြောင်းတဲ့အမှတ်က တူနေပြီး မတိုင်ခင်တွေ ပြီးတဲ့နောက်တွေနဲ့ မဆိုင်လို့ ထင်ပါရဲ့ ၊ ငါတို့ကို ဒီမစ်ရှင်ထဲက မတူတဲ့စက်ဝန်းတွေထဲ မှားထည့်လိုက်တာ ။ မင်းခုနက မြင်လိုက်တာက နောက်ဆုံး ပြန်ဆုံရလို့ တအားစိတ်လှုပ်ရှားသွားတဲ့ရလဒ်ပါ ။ ဆိုရိုးရှိတယ်လေ ၊ မရှိတော့တာက နှလုံးသားကို ပိုနက်ရှိုင်းသွားစေတယ်ဆိုတာ "

ကျစ်ယွီရှီက နောက်ဆုံးတွင်တော့ ထိတ်လန့်သွားပုံပင် ။ အချိန်တစ်ခုစာ တိတ်ဆိတ်နေပြီးနောက်တွင် သူမေးလာ၏ ။ "ဘယ်အနာဂတ်လဲ ? "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now