ပန်းချီတွေငိုခြင်း{၆}

Start from the beginning
                                    

NamJoonကတွေ့တွေ့ချင်းမှာပဲဝမ်းသာအားရ
ထွေးဖက်လိုက်တော့ လက်သေးသေးလေးတွေက
အကျင့်ပါနေပြန်သည်။
ကျောပြင်ကျယ်ကြီးကို လက်လေးတွေဖြင့်
ထိတွေ့ပြီးနောက်မှာ ပါးချိုင့်ကြီးရဲ့
လက်တွေထဲက ရုန်းလိုက်သည်။

" အထဲမှာစကားပြောရအောင်...Hyung "

" ဟုတ်တယ်...လာ လာ အထဲဝင်ရအောင် "

ပန်းဆိုင်လေးထဲနှစ်ယောက်သားဝင်ရောက်လာခဲ့ပြီး
နောက်မှာ မျက်နှာချင်းဆိုင်ခုံလေးတွေဆီ
ဝင်ရောက်ထိုင်ခဲ့သည်။
NamJoonကတော့ Jiminကိုအစအဆုံး
ကြည့်နေတာမျက်တောင်ပင်မခတ်။

" ဖုန်းလည်းဆက်လို့မရဘူး...မဟုတ်ရင်တောင်
အခုပဲဆိုင်သိမ်းတာနဲ့ ကလေးတို့အိမ်ဘက်ကို
ကိုယ်လာကြည့်ဦးမလို့...."

" လာကြည့်တော့ကော ဘာများထူးသွားမှာလဲ
Hyungလုပ်နိုင်တာ ဘာမှဖြင့်မရှိဘဲနဲ့...."

NamJoonနှုတ်ခမ်းလေးတွေဆွံအသွားသည်။
Jiminမျက်နှာဟာတွေ့ဖူးသမျှတွေထဲ
ဒီကနေ့မှာ အေးစက်စက်အဖြစ်ဆုံးပဲ။
လုပ်ချင်တာလုပ်ထားပြီး သူကပဲ
စိတ်ဆိုးနေသည်ထင်ပါရဲ့။

" သတင်းတွေလည်း Hyungသိပြီးလောက်ပြီပေါ့
ပုံတစ်ချို့ကိုလည်းမြင်ပြီးလောက်မှာပါ...."

" ကိုယ်စိတ်မဆိုးပါဘူး ကလေးစိတ်ကို
ကိုယ်သိတာမို့ ကိုယ်နားလည်တယ် ..... "

" Hyungကျွန်တော့်စိတ်ကို ဘယ်တုန်းကမှ
မသိခဲ့ပါဘူး...."

" Jimin..."

" ကျွန်တော် မောင်နဲ့လက်ထပ်တော့မှာ..."

" ဘယ်..လို...မောင်ဆိုတာက..."

မောင်တဲ့ နားကြားများမှားသလား။
NamJoonမယုံကြည်နိုင်စွာဖြင့်
Jiminမျက်လုံးတွေကိုသေချာကြည့်နေမိသည်။

" ကျွန်တော်နဲ့ အတူအိပ်ခဲ့တဲ့တစ်ယောက်လေ
Hyungပုံတွေတွေ့ပြီးပြီမလား...သူလေ...."

" Hyungနဲ့မတူဘူး သိပ်မိုက်တာနော်....
အင်း....ဥပမာပေးရရင် အထိအတွေ့တွေကအစပဲ..."

ခပ်သော့သော့ရီရင်းပြောဆိုနေပုံက
အရွဲ့တိုက်နေမှန်း သိသာနေတာပဲ၊
မယုံပါဘူး ။ ParkJiminသည်
KimNamJoonကိုဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ တစ်လောကလုံးသိသည်မို့ ဒါက
ဘယ်လိုများဖြစ်နိုင်မှာလဲ။

ပန်းချီတွေငိုခြင်းWhere stories live. Discover now