အပိုင်း-၇ Uni+Zawgyi

5.5K 398 31
                                    

"အဟင့်ဟင့် အဟင့်ဟင့် "
သား၏အခန်းထဲကငိုသံစူးစူးလေးထွက်လာသည်ကို ညရောင်ကြားလိုက်၏။သားများတစ်ခုခုဖြစ်သလားဟု စိုးရိမ်စိတ်နှင့် အပြေးသွားကြည့်တော့ .....

သားကကလေးထိန်းလက်ပေါ်မှာငိုနေသည်။

"သားဖြစ်တာလဲ ညီမ"

သားက သူ့ပါးပါးအသံကြားတာနဲ့ခေါင်းထောင်လာပြီး ညရောင်ကိုမျက်ရည်အရွှဲသားမျက်နှာလေးနှင့်ကြည့်သည်။

"သားကမအိပ်ဘူး အစ်ကိုလေးရဲ့ ရှူးတွေလည်းပေါက်ချတာခဏခဏပဲ"

"အစ်ကို့ကိုပေး ညီမ အစ်ကိုသိပ်လိုက်မယ်"

"ဒါပေမယ့် ...."

"ဒါပေမမယ့်နဲ့ ညီမလုပ်စရာရှိတာလုပ်ပါ အစ်ကိုသိပ်လိုက်ပါ့မယ်"

"ဟုတ်ကဲ့ အစ်ကိုလေး"

"လာ သားလေး"
ညရောင်ဆီရောက်တော့ ကလေးကအငိုတိတ်သွားသည်။ညရောင် သားကိုချီပြီး အပေါ်ထပ်တစ်လျှောက် လမ်းလျှောက်ရင်း ချော့သိပ်နေသည်။သားကညရောင်လက်ပေါ်မှာငြိမ်နေတာပဲ။

"မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ်
ဗျိုင်းရှေ့ကပျံကာပျံကာရယ်...

မိုးစုပ်စုပ်ချုပ်ပေါ့ သားငယ်ရယ်
အိပ်ပါတော့ကွယ်
ကြောင်ကြီးကိုက်လိမ့်မယ်...

အိပ်ရာကနိုးရင်ကျောင်းသွားရဦးမယ်
မျက်စိမှိတ်ထားကွယ်
အိပ်မက်လှလှ..မက်စေမယ်"

ဦးစေ အရှေ့ကနေခေါက်တုံ့ခေါက်ပြန် ကလေးချီပြီးသိပ်နေတဲ့ ညရောင်ကိုကြည့်ရင်း မရိုးမယွစိတ်များတဖွားဖွားပေါ်လာသည်။

‌မျက်စိရှေ့မှာမြင်နေရတဲ့ ရောင့်ရဲ့ပုံစံဟာ ကလေးရဲ့အဖေအရင်းလိုပင်။
ရောင်နဲ့သားရဲ့ပုံစံက သေချာကြည့်လေ ပိုတူလေ။အညိုရင့်ရောင်မျက်လုံးလေး၊မျက်ခုံးတန်းတန်းလေး ၊နှုတ်ခမ်းချွန်တာလေးကအစတူသည်။

ဦးစေ သားကိုစစချင်းမြင်တော့ ရောင်နဲ့တအားတူလွန်းလို့‌ အကြည့်တောင်မလွှဲနိုင်ခဲ့ပေ။ရောင့်ကိုယ်ပွားလေးလားမှတ်ရတဲ့သားကို ဦးစေမြင်မြင်ချင်းသံယောဇဉ်ဖြစ်မိ၏။ဒါကြောင့်လည်း အမွေစားအမွေခံအနေနဲ့မွေးစားခဲ့ခြင်းပင်။

My Dear Second Husband Där berättelser lever. Upptäck nu