အပိုင်း-၈ Uni+Zawgyi

5.3K 374 8
                                    

HS Group ဒါရိုက်တာအဖွဲ့မှာတော့ ဒုဥက္ကဌအသစ်ကြောင့်ရာထူးအပြောင်းအလဲများ‌ဖြစ်သွားသည်။အကြီးအကဲပိုင်းတွေတင်မဟုတ်ဘဲ ဌာနအလိုက်အကျင့်ပျက်ခြစားသူများကိုဖြုတ်ပစ်ပြီး ၀န်ထမ်းသစ်များထပ်မံခန့်ထားစေတာကြောင့်ကုမ္ပဏီတစ်ခုလုံးဂယက်ထသွားရသည်။ကုမ္ပဏီ၀န်ထမ်းများကတော့ ဒုဥက္ကဌ၏လုပ်ဆောင်မှုများကိုအံ့ဩပြီးရင်းအံ့ဩနေရသည်။
HS Groupတစ်ခုလုံးကို ဒုဥက္ကဌကတိုက်ရိုက်အုပ်ချုပ်စီမံတာကြောင့် လုပ်ငန်းခွဲကုမ္ပဏီများကလူကြီးပိုင်းများပါရှိန်လာကြသည်။
စီးပွားရေးသမားများ၏ပါးစပ်ဖျားတွင်လည်း
ထက်မြက်လှသော HS Group ဦးဆောင်သူအား စီးပွားရေးလောကကိုတစ်ခေတ်ပြောင်းပစ်မယ့်သူဟု ထင်ကြေးပေးနေကြသည်။

သို့သော် အဘက်ဘက်ကပြည့်စုံနေသော ထိုလူငယ်၏အိမ်ထောင်ဖက်ကမည်သို့‌ေသာအမျိုးသမီးဖြစ်လာမည်ကိုလည်းအားလုံးကစိတ်၀င်စားနေကြသည်။စီးပွားရေးအသိုင်းအဝိုင်းများက သူတို့၏သမီးကညာများနှင့်အကြောင်းပါစေချင်ကြသလို နိုင်ငံရေးအသိုင်းအဝိုင်းများကလည်းသူတို့၏နိုင်ငံရေးလမ်းစဉ်ကျောထောက်နောက်ခံရရန် ထိုလူငယ်အား သူတို့သမီးပျိုများနှင့် ကြောင်းလမ်းချင်ကြသည်။

ဦးစေကတော့ ထိုကိစ္စရပ်များကိုမသိကျိုးကျွန်သာပြုနေသည်။သူ့အတွက်
အဲ့သည့်အမျိုးသမီးများကအရေးမှမပါဘဲ။သူ့ဘ၀တစ်ခုလုံးမှာ မရှိမဖြစ်အရေးပါနေတာက သူ၏ ရောင် ပင်။

"Boss နေ့လယ်နှစ်နာရီမှာ မိတ်ဖက်ကုမ္ပဏီက ရှယ်ယာရှင်တွေနဲ့တွေ့ဖို့ရှိပါတယ်...ပြီးတော့ ညနေ ၅နာရီမှာ...."

"ညနေ၅နာရီနောက်ပိုင်းကစပြီးအချိန်ဇယားတွေဖျက်လိုက်"

"ခင်ဗျာ.."

"သိဒ္ဓိ ငါနှစ်ခါ‌ပြန်ပြောရတာမလိုချင်ဘူးနော်"

"ဟုတ်ကဲ့ Boss ကျွန်တော်မှတ်ထားလိုက်ပါ့မယ်"

"အင်း သွားလို့ရပြီ"

သိဒ္ဓိအခန်းထဲကထွက်သွားပြီးနောက် ဦးစေမျက်နှာထက်ကအပြုံးရေးရေးတစ်ခုပေါ်လာသည်။
သူဒီနေ့တစ်နေ့လုံးရောင့်ပုံလေးကြည့်ပြီးအားမဖြည့်ရသေးဘူးလေ။
Laptop screen ကိုဖွင့်လိုက်ပြီး အိမ်မှာကလေးထိန်းနေတဲ့ရောင့်ရဲ့လှုပ်ရှားမှုလေးတွေကိုကြည့်ရင်း ဖုန်းခေါ်လိုက်သည်။

My Dear Second Husband Where stories live. Discover now