အပိုင်း -၁၃ Uni + Zawgyi

4.5K 299 29
                                    

"မေမေ လေပြေ ဒါကျွန်တော့်အမျိုးသား ကမ္ဘာဦးစေ"

"ဦးစေ ဒါကငါ့မေမေဒေါ်ဆွေဇင်လင်း ဟိုဘက်ကငါ့ညီမ လေပြေသွေးသစ်"

"ဗျာ"
ဦးစေ အံ့ဩသွားရသည်။အဲ့တာကြောင့်ကုတင်ပေါ်ကအမျိုးသမီးက ရောင်နဲ့ခပ်ဆင်ဆင်ဖြစ်နေတာပင်။ထိုအမျိုးသမီးကြီးရဲ့မျက်လုံးကနွေးထွေးသယောင်ရှိပေမယ့် ပြတ်သားတဲ့ပုံစံ။ထိုအရာကရောင်နဲ့တူသည်။

"တွေ့ရတာဝမ်းသာပါတယ် အန်တီ ကျွန်တော်က ရောင့်ရဲ့အမျိုးသားပါ စောစောလာနှုတ်ဆက်ရမှာကို နောက်ကျသွားလို့တောင်းပန်ပါတယ်"

"ခဲအိုကချောလိုက်တာ ကိုကို"

"တိတ်စမ်း လေပြေ ...မိုးသောက်ညရောင် မင်းပြန်တော့ "

ညရောင်ကိုပြုံးပြပြီးလက်မလေးထောင်ပြနေတဲ့လေပြေက မေမေ့ရဲ့စကားကြောင့်ငြိမ်ကြသွားရသည်။

"မေမေ သားစိတ်မချသေးဘူးလေ  သားညအိပ်စောင့်ပါရစေ"

"အို မလိုဘူး ပြန်တော့ မင်းမျက်နှာငါမမြင်ချင်ဘူး "

"မေမေ‌ ကိုကိုကစိတ်ပူလို့ပြေးလာရတာကို ဘာလို့အဲ့လို...."

"လေပြေသွေးသစ် ညည်းကိုဝင်မပါဖို့ငါပြောနေတယ်မလား"

"မေမေ ...သားကိုစိတ်ဆိုးနေတယ်ဆိုတာသိပါတယ် ဒါပေမယ့်သားကဒီတစ်ညတော့စောင့်ပေးပါရစေ"

"မိုးသောက်ညရောင် ငါမင်းကိုပြန်ခိုင်းနေတယ်လေ မင်းနားမပါဘူးလားဟမ်"

"အန်တီ !"

ဦးစေ ရောင့်အပေါ်ခက်ခက်ထန်ထန်ပြောတာ သည်းမခံနိုင်တော့လို့ ဝင်ပြောမလို့လုပ်လိုက်ပေမယ့် ရောင်က လက်မောင်းကိုကိုင်ပြီးမပြောဖို့တားတာကြောင့် ပြောမယ့်စကားကိုရုတ်သိမ်းလိုက်ရသည်။

ရောင့်အပေါ်ရင့်ရင့်သီးသီးပြောလာရင် ရောင့်အမေလည်းဦးစေကသည်းခံမည်မဟုတ်ပေ။

"ကိုကိုပြန်လိုက်တော့နော် နောက်နေ့ကျမှထပ်လာခဲ့လေ နော်"

"နောက်နေ့လည်းထပ်လာစရာမလိုဘူး ငါ့ကိုအမေလို့မသတ်မှတ်ရင် မင်းငါ့ဆီလာစရာမလိုဘူး "

My Dear Second Husband Where stories live. Discover now