အပိုင်း(၁)

10.1K 526 12
                                    

"မောင်! မတို့ကွာရှင်းရအောင်"
လေသံမာမာပြောလာတဲ့ အမျိုးသမီးဖြစ်သူရဲ့ စကားသံဟာ ပြတ်သားလှသည်။

ဧည့်ခန်းထဲကဟိန်းထွက်လာတဲ့ အမျိုးသမီးရဲ့အသံဟာ ဩဇာအပြည့်နှင့်။

"မရယ် မောင့်ကို အဲ့လိုစကားတော့မပြောပါနဲ့ကွာ မောင်ဘယ်လိုနည်းနဲ့ မ ကျေနပ်အောင်တောင်းပန်ရမလဲ မ ကြိုက်သလိုဆဲဆိုနိုင်တယ် ဒါပေမယ့် မောင့်ကို ကွာရှင်းရအောင် ဆိုတဲ့စကားတော့မပြောပါနဲ့"

"အို မလိုချင်ဘူး မလိုချင်ဘူး မောင် မ ကွာရှင်းချင်တယ် မောင့်လိုလူနဲ့ဆက်မပေါင်းနိုင်ဘူး"

"မ ရယ် ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော်လေ မ ပြောသမျှနာခံပါ့မယ် မ ကြိုက်သလိုပုံသွင်းနိုင်ပါတယ် ဒါမယ့် ကျွန်တော့်ကိုတော့ ထားမသွားပါနဲ့နော်"

အားငယ်စိတ်၊အပြစ်ရှိစိတ်၀င်လာတဲ့အခါ မောင် က "ကျွန်တော်"ဟူသောနာမ်စားကိုသုံးလေ့ရှိသည်။ကျွန်မလေ မောင့်ရဲ့ အားနည်းတဲ့ပုံစံကို သိပ်သဘောကျတယ်။မောင်ရဲ့အရာရာကျွန်မသဘော၊ကျွန်မသည်သာအခရာဖြစ်နေတဲ့မပြတ်သားနိုင်တဲ့ပုံစံမျိုး ကျွန်မသိပ်ကိုသဘောကျတယ်။

ဒါပေမယ့် မောင့်လိုအားနည်းချက်ရှိတဲ့သူကိုကျွန်မအချိန်အကြာကြီးဆက်မပေါင်းနိုင်ဘူး။မောင့်လိုချို့ယွင်းချက်ရှိတဲ့သူကိုပေါင်းနေလို့ ပတ်၀န်းကျင်က ကျွန်မကိုမေးငေါ့ကြတယ်။ဒါတွေမောင်မရှက်ပေမယ့် ကျွန်မရှက်တယ် ။

"မောင်!!ဒါ မ မောင့်ကို တိုင်ပင်နေတာမဟုတ်ဘူးမောင်၊မ အသိပေးထားတာ မနက်ဖြန် မတို့တရားရုံးသွားမယ် ၊"

"မ ရာ "

ညရောင် အခံရခက်ပါသည်။မိန်းမတစ်ယောက်၏ရှေ့မှောက်မှာ အားနည်းချက်ရှိတဲ့ ယောကျာ်း‌တစ်ယောက်အနေနဲ့ ခေါင်းငုံ့ခံနေရတာ ညရောင် ကိုယ့်ကိုယ်ကိုရှက်မိပါသည်။တချို့သူများက ညရောင်ကိုပြောကြပါသည်။သိပ်ပျော့ညံ့တာပဲတဲ့။ဒီလိုစကားတွေကို ညရောင် ပြန်ချေပနိုင်ဖို့ ဘယ်အင်အားနဲ့များ ချေပရမလဲ။မ ပြောတာအမှန်တွေလေ။သူဟာ မိန်းမတစ်ယောက်ကိုတောင်ပျော်ရွှင်အောင်လုပ်မပေးနိုင်တဲ့ ခပ်ညံ့ညံ့ယောကျာ်းတစ်ယောက်ပဲလေ။

My Dear Second Husband Where stories live. Discover now