အပိုင်း-၂၀ Uni+Zawgyi

4.6K 246 12
                                    

‌မိုးရွာနေတဲ့ညအမှောင်က တိတ်ဆိတ်အေးချမ်းလှသည်။ပတ်ဝန်းကျင်တွင် မိုးရေစက်ကျသံကလွဲ၍ မည်သည့်အသံမျှမကြားရ။အေးမြတဲ့မိုးရေစက်တွေကြားမှာ လက်ချောင်းသွယ်သွယ်လေးတွေက ယှက်ပြေးကစားနေသည်။လက်ဖဝါးပေါ်ကျလာတဲ့မိုးရေစက်တွေကိုကြည့်ရင်း ပါးပြင်ပေါ်ကမှဲ့လေးဟာလည်းတစ်နေရာသို့ချိုင့်ဝင်သွားရ၏။

ကမ္ဘာဦးစေ နံရံကိုမှီကာ ပါးချိုင့်ငယ်လေးကိုငေးနေလိုက်သည်။လွန်ခဲ့တဲ့၁၅နှစ်ကအတိုင်း မပြောင်းလဲသွားသောအပြုံးလေးက အခုထိသစ်လွင်နေဆဲ။ရောင်လေးပြောဖူးတဲ့စကားတစ်ခွန်းကိုအခုထိမှတ်မိနေသေးသည်။အချိန်ကာလတွေပြောင်းလဲသွားလည်း မိုးသောက်ညရောင်ကတော့ မိုးကိုနှစ်သက်နေဦးမှာပဲတဲ့။

ဦးစေ မိုးရေစက်တွေနဲ့ပျော်မြူးနေတဲ့ ကောင်လေး၏ခါးသိမ်သိမ်လေးအားအနောက်မှသိမ်းကျုံးဖက်လိုက်သည်။ထိုအခါ မိုးရေစက်တွေလိုအေးချမ်းတဲ့ကောင်လေးဆီမှ ရယ်သံလွင်လွင်လေးဟာလည်းထွက်ပေါ်လာခဲ့သည်။

"မိုးကိုအဲ့လောက်တောင်သဘောကျတာလား "

"အများကြီး"

ဦးစေ ကလေးဆန်တဲ့အဖြေလေးကြောင့်ရယ်လိုက်မိသည်။

"မောင်နဲ့ မိုး‌ရေစက်တွေဆို ရောင် ဘယ်ဟာကိုရွေးမတုန်း"

ညရောင်က ကလေးတစ်ယောက်လိုစဉ်းစားဟန်ပြုကာ

"မိုးရေစက်တွေလို အေးမြတဲ့အချစ်တွေပေးတဲ့ မောင့်ကိုရွေးမှာပေါ့ ဟီးဟီး"

"အတတ်ကလေး ပြွတ် ပြွတ်"

ချစ်စဖွယ်ကောင်းအောင်ဖြေလိုက်သောညရောင်ကြောင့် ဦးစေ နှလုံးသား ပုရွက်ဆိတ်တက်သလို ကလိကလိဖြစ်ရသည်။မိုးသောက်ညရောင်ဆိုတဲ့အမျိုးသားဟာ နှုတ်ဖျားလေးနဲ့အပိုင်ချုပ်တတ်ရန်ကော။စိတ်ရှိလက်ရှိနမ်းလိုက်ရရင်ဖြင့် ခင်ဗျားလေးတော့ ရစရာမရှိဖြစ်တော့မယ်။

"မောင် ငါ့ကိုသိပ်ချစ်တာပဲလား"

"ရောင်ထင်ထားတာထက် အဆပေါင်းများစွာ မောင်ချစ်တယ် ရောင်သိလား ဒီကမ္ဘာပေါ်မှာမောင့်လောက်ကံကောင်းတဲ့သူရှိမှာမဟုတ်ဘူး"

My Dear Second Husband Where stories live. Discover now