အပိုင်း ၂၄

1.3K 52 4
                                    

‌တိတ်ဆိတ်နေသောပတ်ဝန်းကျင်သည် အေးချမ်းသောညချမ်းအားဖန်ဆင်းထားသည်။ ဥယျာဉ် ၏ ပတ်ပတ်လည်တွင် လှပသောNeon မီးရောင်များက တန်ဆာဆင်လျက်။ ခပ်အုပ်အုပ်ဖြစ်နေသော သစ်နွယ်များက အဝင်ပေါက်၏ ပတ်ပတ်လည်တွင် ဝန်းရံနေလျက်။ ထိုနေရာ၏ အပြင်အဆင်သည် အနောက်တိုင်းဆန်နေသည်။
မကြာမီ ထို ဉယျာဥ်အနီးတွင် အနက်ရောင် Marcedes Benz ကားတစ်စီး ထိုးရပ်လာသည်၊၊ အဆိုပါ ကားထဲမှ ဆင်းလာသည့် အနီရောင်အရိပ်လေး၏နောက်တွင် ထပ်ကြပ်မကွာလိုက်လာသော လူသားတစ်ဦးလည်းရှိ၏။

ဦးစေ ဥယျာဉ်အား ဘေးဘီဝဲရာ ဝေ့ဝဲကြည့်လိုက်တော့ အပြင်အဆင်က ထိပ်တန်းပုံစံပဲဟု မှတ်ချက်ပြုမိလိုက်သည်။ဘေးနားက အနီရောင်အရိပ်လေးကတော့ ဥယျာဉ်အား တအံ့တဩဖြစ်နေပုံပင်။ပါးစပ်ကလေးအဟောင်းသားဖြင့် မြင်မြင်နေသမျှအရာတိုင်းအား အံ့ဩမှင်သက်နေမိပုံရသည်။

ဦးစေလည်း အရိပ်ကလေးပျော်ရင် ပျော််မိမှာပေမယ့် ဒီမတင်မကျစိတ်ခံစားမှူကြီးက ဘာများပါလိမ့်။မွေးနေ့ပွဲမှာ ဧည့်သည်ဆိုတာလည်းမတွေ့ရ။ဘယ်လိုမွေးနေ့ပွဲမျိုးပါလိမ့်။

"မောင် မောင် လှတယ်နော် ဒီနေရာလေးက ငါတော့ သိပ်သဘောကျတာပဲ"

"အဲ့တာဆို မနက်ဖြန် စာချုပ်မှာလက်မှတ်ထိုးဖို့ပြင်ထား"

"ဟင် ဘာလို့"

"မောင့်ကလေးလေးအတွက်လက်ဆောင်ဝယ်ပေးမလို့"

ဦးစေ ညရောင်ရဲ့နှာခေါင်းလေးအား ဆွဲညစ်ကာ အူလည်လည်ဖြစ်နေတဲ့ရုပ်လေးကို သဘောတကျ ကြည့်မိသည်။
ထို့နောက် ညရောင်၏ လက်ဖဝါးလေးအား ဆုပ်ကိုင်ကာ ညရောင်အား သူ့ဘေးနားကပ်စေသည်။

"အစ်ကို ရောက်လာပြီလား "

ရှေ့မှ‌ပေါ်ထွက်လာသော လူတစ်ယောက်ကြောင့် ဦးစေ မျက်ခုံးပင့်မိသွားသည်။

"အစ်ကို လာလေ ဒီဘက်ကို "

"အင်း ရှိန်းခါ "

ဦးစေ ညရောင်၏လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။မိမိအရှေ့ကပေါ်ထွက်လာတဲ့ ဒီကောင်လေးက သူတို့ဖက်စပ် brand ရဲ့ model ကောင်လေးမဟုတ်လား။ဒီကောင်လေးက ဘယ်လိုလုပ် ရောင့်ကိုသိနေရတာလဲ။အစ်ကိုတဲ့။သူတို့ချင်းကရော ဘယ်လောက်ထိရင်းနှီးနေရတာလဲ။သူ့ပုံစံကရော အမှန်ဟုတ်ပါ့မလား။
ဦးစေ၏ခေါင်းထဲ အတွေးထဲတွင် မေးခွန်းပေါင်းများစွာ ယှက်ပြေးနေသည်။

My Dear Second Husband Where stories live. Discover now