အပိုင်း -၁၀ Uni + Zawgyi

5.1K 307 12
                                    

ဦးစေ ကုမ္ပဏီကိုရောက်ပြီးဒုတိယအကြိမ်မြောက် ရှယ်ယာရှင်အစည်းအဝေးဖြစ်သည်။
အကြောင်းမှာ ဖက်စပ်လုပ်ငန်းတစ်ခုနှင့်အကျိုးတူပူးပေါင်း၍ ပရောဂျက်တစ်ခုလုပ်ဆောင်ရန်ဖြစ်သည်။ဦးစေတို့ကုမ္ပဏီမှာရုံးခွဲ၅ခုရှိသည်။ရုံးခွဲအလိုက် မတူညီတဲ့အခန်းကဏ္ဍတွေကိုတာဝန်ယူရသည်။

ရုံးခွဲအားလုံး၏အချုပ်ကကုမ္ပဏီဖြစ်ပြီး accessory and designပိုင်းကိုအဓိကလုပ်ဆောင်သည်။

"ကိုယ်တို့ MXG corporation နဲ့ collabလုပ်တဲ့အခါမှာ ကိုယ်တို့ဘက်ကအကျိုးအမြတ်အနေနဲ့ 50/50လိုချင်တယ် ပြီးတော့ management ပိုင်းကိုလည်းကိုယ်တို့ဘက်ကပါဝင်ချင်တယ် ဒီလိုဆိုဘယ်လိုသဘောရလဲ"

ဦးစေ တစ်ဖက်မှကိုယ်စားလှယ်အားခပ်ပြတ်ပြတ်ပြောလိုက်သည်။

"ဒီလိုဆိုရင်တော့ ခက်ခဲလိမ့်မယ် ဒုဥက္ကဌလိုချင်တဲ့အချက်တွေက ကျွန်တော်တို့ပေးနိုင်တာထက်ကိုကျော်လွန်နေတယ် ... management ပိုင်းကကျွန်တော်တို့လက်ခံနိုင်ပေမယ့် 50%ကသိပ်များလွန်းတယ် "

"ဒီလိုဆိုရင်လည်း ကိုယ်တို့ဘက်ကငြင်းလိုက်ဖို့ပဲရှိတယ် အဲ့ဘက်ကလူကြီးမင်းတွေလည်းသိမှာပါ ကိုယ်တို့HS Groupဆိုတာက ဒီနိုင်ငံတင်မဟုတ်ဘူး အာရှဈေးကွက်ကိုပါဖြန့်ကျက်နေတယ်ဆိုတာ ဒီလိုနာမည်ရနေတဲ့လုပ်ငန်းစုအတွက် ဒီပမာဏတောင်းဆိုတာကမများပါဘူး"

တစ်ဖက်မှကိုယ်စားလှယ်များတွေဝေသွားရသည်။လက်ရှိအချိန်မှာ HS ကအောင်မြင်နေတဲ့ ထိပ်တန်းလုပ်ငန်းစုတစ်ခု၊ဒီလို ကုမ္ပဏီနဲ့ပူးပေါင်းတာဟာသူတို့အတွက် ဈေးကွက်ကိုထိုးဖောက်ဖို့ပိုလွယ်ကူသည်။ငယ်ရွယ်ပေမယ့် ဉာဏ် ပြေးတဲ့ထိုလူငယ်ကလည်းထိုအချက်ကိုကောင်းကောင်းနောကြေနေသည်။

"ကောင်းပြီလေ ကျွန်တော်တို့လိုက်လျောပေးပါ့မယ် စာချုပ်ကိစ္စအသေးစိတ်ကိုတော့ ကျွန်တော်တို့ဘက်ကထပ်ဖြည့်ပါရစေ"

"ပြောပါဦး လူကြီးမင်းတို့ကဘယ်လိုထည့်ဖြည့်ချင်လို့လဲ"

"ဒီပရောဂျက်မှာသုံးမယ် modelကိုကျွန်တော်တို့ဘက်ကပဲရွေးချယ်ပါရစေ ကျွန်တော်တို့လုပ်ငန်းစုရဲ့impactနဲ့ကိုက်ညီတဲ့သူမျိုးကိုပဲambassdorခန့်အပ်ချင်ပါတယ်"

My Dear Second Husband Hikayelerin yaşadığı yer. Şimdi keşfedin