အပိုင်း -၂၃ Uni+Zawgyi

6.3K 332 35
                                    

" သမီးလေးရေ မေမေ့သမီးလေး အဟင့်ဟင့် အဟင့်အဟင့် သမီးလေးကိုမခေါ်သွားကြပါနဲ့  ပြန်ပေး ပြန်ပေး ငါ့သမီးကိုပြန်ပေး!!"

လက်တွင်ချိတ်ထားသော အပ်အားဆွဲဖြုတ်လိုက်တာကြောင့်သွေးများတစ်စက်စက်ကျလာသည်။သွေးရောင်မရှိသော လရောင်နီနီ၏မျက်နှာဟာ အပူသည်မိန်းမတစ်ယောက်လို။သူ့ခမျာ ခင်ပွန်းနဲ့မိခင်၏ ဈာပနကိုတောင်ကျင်းပပေးခွင့်မရလိုက်ချေ ။ မရှိတော့သော သန္ဓေသားအား တဖွဖွခေါ်ကာ မိခင်တစ်ယောက်၏အပူမီးတောက်လောင်နေသည်။

သူမတောင့်တခဲ့သော သွေးသားအရင်းအချာကိုသူမလက်ထဲမရောက်ခင်လေးဆုံးရှုံးရတဲ့စိတ်သောကဒဏ်ဖိစီးရုံသာမက မိခင်နှင့်ခင်ပွန်းသည်အား ရုတ်တရက်ဆုံးရှုံးလိုက်ရသော ကံကြမ္မာ၏ကျီစယ်မှုက လရောင်နီနီ့၏ အသိဉာဏ်ကိုကစဉ့်ကလျားဖြစ်သွားစေသည်။

ခင်ပွန်းမရှိတဲ့မိန်းမကိုမုဆိုးမ မိဘကိုဆုံးရှုံးရတော့မိဘမဲ့ သားသမီးကိုပါတစ်ပြိုင်တည်းဆုံးရှုံးရတဲ့ လရောင်နီနီ့၏ဘဝကိုမည်သို့ခေါင်းစဉ်တပ်ပေးရမည်နည်း။

"ပြန်ပေးပါဟယ် ငါ့သမီးကို ငါ့သမီးလေးနို့ဆာနေပြီ ပေး ပေး နင်တို့တွေ မိန်းမယုတ်တွေ အားးးးး!!!"

ဘေးနားကပန်းအိုးကိုကိုင်ကာ အခန်းထဲဝင်လာသောသူနာပြုဆရာမအား ထုမည်လုပ်လိုက်သောကြောင့် လူများဝိုင်းဆွဲလိုက်ရသည်။
"ခွမ်း"

"သမီးလေးရေ အဟင့်အဟင့် မေမေ့သမီးလေး မငိုနဲ့ မေမေရှိတယ်လေ သမီးရဲ့ ဖေဖေပြန်လာရင်မုန့်ဝယ်လာမှာ အဟီးဟီး "

ငိုနေရာမှ ထရယ်လိုက်သော လရောင်နီနီက တကယ့်စိတ်ဝေဒနာသည်အသွင်။တငိုင်ိုတရယ်ရယ်ဖြင့် တစ်ယောက်တည်းပြောချင်ရာတွေပြောနေသော ကုတင်ပေါ်ကအမျိုးသမီးဟာ မြင်သူတိုင်းအဖို့စိတ်မကောင်းစရာမြင်ကွင်းပင်။

"မောင် ငါရဲ့မောင့် ကိုခေါ်ပေးကြစမ်း ဟိုအကောင် "

အခြေအနေကိုစောင့်ကြည့်နေတဲ့ဆရာဝန်အား အကောင်ဟုခေါ်လိုက်တာကြောင့် ဆရာဝန်ခမျာမျက်နှာပျက်သွားရသည်။သို့သော် စိတ်ဝေဒနာသည်တစ်ယောက်၏စကားကိုအတည်ယူလို့မှမဖြစ်ဘဲ။

My Dear Second Husband Where stories live. Discover now