အပိုင်း(၄)Uni+Zawgyi

6.1K 386 19
                                    

ညရောင် မျက်လုံးများကိုအားတင်းပြီးဖွင့်လိုက်ပေမယ့် အိပ်ချင်စိတ်ကမပြယ်သေး။အိပ်မှုန်စုန်ဝါးနဲ့ မျက်လုံးဖွင့်လိုက်တော့ မြင်တွေ့နေကြအခန်းမျက်နှာကြက်မဟုတ်တော့ပေ။အခန်းအပြင်အဆင်ကလည်း ကြည့်လိုက်တာနဲ့ လူချမ်းသာတွေ‌ရဲ့အခန်းမှန်းသိသာနေသည်။အခန်းတွင်းပစ္စည်းအားလုံးက luxury ပစ္စည်းတွေချည်းပြင်ဆင်ထားသည်။
ညရောင်ကိုယ့်လက်ကိုကိုယ်လိမ်ဆွဲကြည့်တော့နာကျင်မှုကိုခံစားလိုက်ရသည်။

"နာတယ်ဟ ကျွတ် ကျွတ် အိပ်မက်မဟုတ်ဘူးဟ ဒါဆို ....ဒါဆို ငါဘယ်ရောက်နေတာလဲ....."

"မနေ့ညက ပွဲမှာရှိနေတာပါ ဒီနေရာကိုငါဘယ်လိုရောက်လာတာလဲ ဒါကရောဘယ်သူ့အခန်းလဲ"

ညရောင် ပွယောင်းယောင်းဖြစ်နေတဲ့ဆံပင်တွေကိုသပ်တင်ရင်း အခန်းတွင်းအပြင်အဆင်ကိုမျက်စိကစားလိုက်မိသည်။

"ဈေးကြီးမယ့်ဟာတွေပဲ မြင်တာနဲ့သိသာလိုက်တာ ဟူး~"

"နိုးလာပြီလားရောင်"

"အမလေး အမေ့"

"ခင်ဗျားဘယ်သူလဲ ကျွန်တော်ကရောဘာလို့ဒီရောက်နေတာလဲ ပြီးတော့ MDနဲ့လွန်းဆက်ရော ဒါကဘယ်နေရာလဲ "

"စိတ်အေးအေးလေးထားပါ ရောင်ရဲ့ ဒါရောင့်ရဲ့အိမ်ပဲလေ"

"ကျွန်တော့်အိမ်?"

"အင်း သေချာတာပေါ့"

"မဟုတ်ဘူး ဒါကျွန်တော့်အိမ်လုံး၀မဟုတ်ဘူး ကျွန်တော့်အိမ်ကဗဟန်းမှာ"

"ဟော မောင့်ကိုမယုံတာလား "

"ဟမ် ဘာကြီး ဘာ မောင် "

"အင်း မောင်လေ"

"ခင်ဗျားနာမည်မှာမောင်ပါတာလား"

"မပါပါဘူး"

"ဒါဆိုဘာလို့ အဲ့လိုကြီးပြောတာလဲ အဲ့တာမိန်းကလေးတွေနဲ့မှပြောရတာဗျ ခင်ဗျားကလည်း"

"အဲ့တာ ရောင့်အတွက်သီးသန့်နာမ်စားလေ မိန်းကလေးတွေအတွက်မဟုတ်ဘူး"

"ဟ အဲ့လိုပြောချင်တိုင်းပြောလို့ရအောင် ကျုပ်နဲ့ခင်ဗျားနဲ့ကဘာဆိုင်တုန်း"

My Dear Second Husband Where stories live. Discover now