အပိုင်း ၂၇

799 30 3
                                    

တိတ်ဆိတ်နေသောအစည်းအဝေးခန်းမကြီးသည် အပ်ကျသံပင်မကြားရ။ရှယ်ယာရှင်များဟာလည်း ငြိမ်သက်နေပြန်သည်။အစည်းအဝေးခန်းထဲတွင်တော့ မုန်တိုင်းမလာခင် လေငြိမ်နေပုံရသည်။

ဦးစေသည် အရှေ့ကတင်ပြသွားသော ရှယ်ယာရှင်တစ်ယောက်၏ဆွေးနွေးချက်ကိုတစ်ခုချင်းထောက်ပြနေသည်။သူတို့ HS group နှင့် Collab လုပ်ထားသော product သည် အာရှဈေးကွက်ကို‌ထိုးဖောက်နေပြီဖြစ်သော်ငြား စက်ရုံများတွင်တော့ ထုတ်လုပ်ရာတွင် ဆုံးရှုံးမှုပမာဏများနေသည်။

HS group ၏ စက်ရုံအများသည် ဂျာမနီ ၊ ဆွစ် ၊ဂျပန် နှင့် တရုတ်ကဲ့သို့သော ပြည်ပတွင်အခြေစိုက်သည်။
ထို စက်ရုံများတွင်ပြဿနာဟူ၍မရှိ။
အဓိကပြဿနာဖြစ်နေသော စက်ရုံများသည် ထိုင်းဘက်ကသာဖြစ်သည်။ထိုပြဿနာကိုမည်သို့ဖြေရှင်းရမည်ကို အစည်းအဝေးခေါ်ယူခြင်းဖြစ်သည်။

ရှယ်ယာရှင်များကတော့ မကျေမနပ်ဖြစ်သော်ငြား ဦးစေအား တိုက်ရိုက်ပြောရဲသူကရှားသည်။အကြောင်းမှာမူ သူတို့၏ဒုဥက္ကဌ သည် သွေးအေးတည်ငြိမ်သော လုပ်ငန်းရှင်တစ်ယောက်မှန်းသိ၏။ထို့ကြောင့် မကျေနပ်ရင်တောင်မှ နောက်ကွယ်မှာသာ ကြိတ်ပုန်းခုတ်ရသည်။

မျက်ခုံးနှစ်ခု အလယ်ကိုစုကျုံ့နေသဖြင့် ဦးစေ တော်တော် သဘောမတွေ့ဖြစ်နေမှန်းသိသာသည်။ပုံမှန်ထက် ခက်ထန်နေသော မျက်နှာသည် ရှယ်ယာရှင်များအား လန့်စေသည်။ဦးစေသည် ရှယ်ယာရှင်ပြောတာကိုလုံးဝသဘောမကျပေ။ပြောရမည်ဆိုလျှင် သူတို့သက်ကျားအိုပိုင်းများသည် ဦးစေ ကို ဒုဥက္ကဌ နေရာကနေဆွဲချချင်နေကြတာကိုဦးစေသိသည်။ဦးစေကမူ ထိုသို့အဖြစ်ခံမှာလုံးဝမဟုတ်ပေ။

" ဆိုတော့ အန်ကယ်လ် ကိုယ်ပြောချင်တာက ကိုယ်တို့အမြတ်တွေ အများကြီးရနေတဲ့အချိန်မှာ အန်ကယ်လ် တို့က မျှောပြီး စံစားနိုင်ပေမယ့် ပြဿနာတစ်စုံတစ်ရာ
ပေါ်လာကာမှ အပြစ်တင်မယ်ဆိုရင်တော့ အတော်ခေတ်နောက်ကျနေတဲ့အတွေးလို့ပြောပါရစေ"

"ဒါပေမယ့် မောင်ရင် ဦးတို့က ဦးတို့ပိုက်ဆံတွေရင်းနှီးထားရတာလေ"

"ဟုတ်ပါတယ် အန်ကယ်လ်ရဲ့ အဲ့သလို ရင်းနှီးလို့ပဲ အဲ့ပိုက်ဆံတွေရဲ့ ဆယ်ဆမကမြတ်တဲ့အကျိုးအမြတ်တွေက အန်ကယ်လ်တို့ bank account တွေထဲ လတိုင်းဝင်နေတယ်မလား "

My Dear Second Husband Where stories live. Discover now