အပိုင်း-၁၂ Uni + Zawgyi

4K 288 27
                                    

"မိုးတွေဆွေနေတယ်"

"အင်း မိုးရွာ‌ေတာ့မယ်နဲ့တူတယ် မောင်အလုပ်မသွားတော့ဘူးနော်"
ထိုစကားကို ဦးစေက ညရောင်ကိုအ‌ေနာက်ကဖက်ရင်းဆိုသည်။

ညရောင်နဲ့ဦးစေတို့၏အခြေအနေကစတွေ့ခါစထက် ပိုပြီးကောင်းမွန်လာသည်ဟုဆိုရမည်။အရင်ကဆို ညရောင်က ဦးစေ၏ထိတွေ့မှုများကို လက်မခံဘဲငြင်းဆန်တတ်သည်။ တစ်ယောက်နဲ့တစ်ယောက်ပိုပြီးရင်းနှီးလာတဲ့နောက်ပိုင်း ညရောင်ကဦးစေကိုအလိုက်သင့်ဆက်ဆံလာသည်။

"မင်းအလုပ်မသွားရင် အရေးကြီးအစည်းအဝေးတွေကိုဘယ်လိုလုပ်မလဲ"

"ရောင်ကအဲ့အရေးကြီးအစည်းအဝေးတွေထက်ပိုအရေးကြီးတယ် မောင့်အတွက်တစ်ရက်လောက်ကုမ္ပဏီမသွားလိုက်လို့ဘာမှထူးပြီးဆုံးရှုံးစရာမရှိဘူး"

ညရောင်ခပ်ဖွဖွရယ်သည်။ဦးစေကတခြားသူတွေနဲ့ဆိုသာ ရေခဲတုံး။ညရောင်ရှေ့ရောက်ရင် စကားကအရမ်းတတ်။

"ဟုတ်ပါပြီ မင်းချမ်းသာမှန်းငါသိပါတယ် ဒါပေမယ့် အပျင်းမထူပါနဲ့သွားလိုက်ပါ "

"တစ်ရက်တည်းပါ တစ်ရက်တည်းလေ နော်"

"အဲ့တစ်ရက်ကိုခွင့်ပြုလိုက်ရင်နောက်တစ်ခါလည်းအဲ့လိုပြောဦးမှာပဲမလား ကုမ္ပဏီရဲ့ဒုဥက္ကဌက အလုပ်တွေအဲ့လောက်ပျက်နေရင် ဘယ်လက်အောက်ငယ်သားကကြည်ဖြူမှာလဲ ဦးစေရဲ့"

"သူတို့ကြည်ဖြူဖို့မလိုပါဘူး ရောင်ကြည်ဖြူရင်ရပြီ အဲ့ကုမ္ပဏီဒေဝါလီခံသွားလည်းကိစ္စမရှိဘူး မောင့်မှာရောင်ရှိသေးတာပဲ နော် မောင်ကရောင့်ကိုဝမ်းခါးလှအောင်ရှာကျွေးမှာပါ"

ညရောင်အသံထွက်၍သာရယ်မောမိလိုက်သည်။

"နေစမ်းပါဦး ဘာလို့အဲ့လောက်အလုပ်မသွားချင်ရတာလဲ"

"မိုးအေးအေးမှာရောင်လေးနဲ့အခန်းပြင်မထွက်ဘဲ ကုတင်ပေါ်မှာချွေးထုတ်တမ်းကစားချင်လို့"

"ဦးစေနော် ပြောင်ချော်ချော်မလုပ်နဲ့ သွား အခုအလုပ်သွား"

ဦးစေကတော့မျက်နှာကြီးရှုံ့မဲ့ကာ ခေါင်းမာနေသည်။
ဒီကလေးကြီးကိုဘယ်လိုလိမ္မာအောင်ဆုံးမရမှာပါလိမ့်နော်။

My Dear Second Husband Where stories live. Discover now