အပိုင်း -၁၅ Uni+Zawgyi

4.7K 271 14
                                    

ဟိုနေ့ညကိစ္စဖြစ်ပြီးကတည်းက ညရောင် ‌ဦးစေနဲ့မျက်နှာချင်းမဆိုင်တော့တာနှစ်ရက်ရှိပြီ။
ညရောင်ရဲ့သိက္ခာကိုစော်ကားလိုက်တဲ့သူကိုဘယ်လိုနည်းနဲ့များ ညရောင် ဘာမှမဖြစ်သလိုဟန်ဆောင်နေနိုင်ပါ့မလဲ...နာတယ် ...ရင်ဘတ်ထဲကနာတယ်...
ညရောင်အခုအိမ်မှာဆက်ရှိနေတာ သားကြောင့် ညရောင်ရဲ့တစ်ဦးတည်းသောရင်နှစ်သည်းခြာလေးကြောင့်.. ဦးစေကိုတော့ညရောင်မျက်ကွယ်ပြုလိုက်ချင်သည်။

"အစ်ကိုလေး ဘယ်သွားမလို့လဲ "

"ကျွန်တော် မေမေ့ဆီသွားမလို့ကြီးမေ အရင်နေ့တွေကကျွန်တော်နေသိပ်မကောင်းလို့မသွားရဘူး ဒီနေ့တော့ မေမေ့ကိုသွားတွေ့ဦးမယ် သားကိုလေကျွန်တော်ချော့ပြောထားတယ် ကြီးမေကျွန်တော်စိတ်ချမယ်နော်"

"အေးပါကွယ် ကြီးမေသားကိုဂရုစိုက်လိုက်ပါ့မယ်"

"သားကိုထမင်းမကျွေးခင် ကျွန်တော်အမှီပြန်လာခဲ့မယ် ကြီးမေ"

"အေးပါကွယ် ဒါနဲ့ အစ်ကိုလေး"

"ဗျာ ကြီးမေ"

"သူဌေးလေးကိုမပြောသွားတော့ဘူးလား သူဌေးလေးက အစ်ကိုလေးကိုသူမပါရင်စိတ်မချဘူးလေ"

ညရောင်ခဏတာတွေဝေသွားသည်။
သူ့ကိုမပြောဘဲ သွားရင်စိတ်ပူတယ်ဆိုပြီးအလကားဇယားရှုပ်ဦးမယ်.....
ညရောင် ဖုန်းဆက်လိုက်သည်။

"ဟယ်လို ရောင်လေး "

ဦးစေ ညရောင်ဘက်ကပထမဆုံးစကားပြန်စလာတာကြောင့်ဝမ်းသာသွားရသည်။နှစ်ရက်လုံးလုံး ဦးစေဘယ်လိုချော့ချော့ ည‌ရောင်ကဥပေက္ခာလုံးလုံးပြုထားသည်။ဦးစေနဲ့လည်းတူတူမအိပ်ပေ။သားအခန်းထဲမှာသွားအိပ်သည်။

"ငါ မေမေ့ဆီသွားမလို့"

"ဟို မောင်လိုက်ပို့မယ်လေ မောင် အခုပဲပြန်လာခဲ့မယ်"

"မလိုဘူး ငါ့ဘာသာငါသွားမှာ"
ညရောင်၏လေသံကအေးစက်‌ပြတ်သားနေ၏။

"ဒါပေမယ့် ရောင်ရယ် မောင်မှစိတ်မချတာ"

"ငါမင်းကိုခွင့်တောင်းနေတာမဟုတ်ဘူး...အသိပေးတာ ပြောစရာမရှိတော့ဘူး ဖုန်းချလိုက်တော့မယ်"

My Dear Second Husband Όπου ζουν οι ιστορίες. Ανακάλυψε τώρα