အပိုင်း-၁၆ Uni + Zawgyi

4.4K 253 17
                                    

ညရောင် မေမေ့ရှေ့ဒူးထောက်ပြီးမိမိကိုတောင်းယူနေတဲ့ဦးစေကြောင့် ပျာယာခတ်သွားသည်။မေမေကလည်းမထင်မှတ်ထားတဲ့လုပ်ရပ်ကြောင့် ဦးစေကိုတစ်လှည့် ညရောင်ကိုတစ်လှည့်ကြည့်သည်။

ညရောင် ဦးစေဆီအမြန်သွားကာ တိုးတိုးနဲ့အတင်းထခိုင်းနေသည်။

"ဦးစေ ထ‌...ထ ဘာတွေလျှောက်လုပ်နေတာလဲ..."

ဦးစေကတော့ ညရောင်စကားကိုအရေးမယူဘဲ မေမေ့ရှေ့မှာခေါင်းငုံ့နေသည်။ညရောင်ကလည်းမရမက ထူနေသည်။သူ့ခန္ဓာကိုယ်အလေးကြီးကို ထူနေရတာ...သူကတော့ဖင်တောင်မကြွပေ။

"အန်တီ ရောင့်ကိုကျွန်တော်တောင်းရမ်းယူပါရစေ အန်တီခွင့်ပြုပေးပါ  ကျွန်တော်ရောင့်ကို မင်္ဂလာဆောင်ပြီး လူသိရှင်ကြားလက်ထပ်ချင်ပါတယ်"

ဒေါ်ဆွေဇင်လင်းဆွံ့အသွားရသည်။

"အန်တီ့သားကို ကျွန်တော် သားမတ်မတ် လင်မတ်မတ်ပေါင်းပါ့မယ် လုံးဝအန်တီတို့စိတ်ပူပန်စရာမရှိရအောင် ကျွန်တော်စောင့်ရှောက်ပါ့မယ် အန်တီသာခွင့်ပြုပေးရင် ကျွန်တော်ရောင့်ကိုဖျာလိုလိပ်ထိပ်ပေါ်တင်ထားမှာပါ"

"ဦးစေ ထတော့...မေမေ ဘာမှမဟုတ်ဘူး စိတ်ထဲမထားနဲ့ သူအရူးထနေတာ"

"ရောင့်ကိုကျွန်တော်တစ်သက်လုံးပျော်ရွှင်အောင်ထားပါ့မယ် အန်တီ အဲ မဟုတ်ဘူး မေမေ"

"ဟေ"

ဒေါ်ဆွေဇင်လင်း အံ့ဩပြီးရင်အံ့ဩနေရကာ ပါးစပ်အဟောင်းသားနဲ့ဖြစ်ရသည်။အရှေ့မှာဒူးထောက်ပြီးခရားကရေလွှတ်သလိုပြောနေတဲ့ ကောင်လေးက သားမက်ဖြစ်ခွင့်တောင်းနေတာမလား...ဘယ်အမေမဆိုမျက်နှာပူမှာပဲလေ...ကိုယ်ကသမီးရှင်မဟုတ်ဘဲ ..သားရှင်ဖြစ်နေတာကို။

"မေမေ ခွင့်ပြုပေးပါ မေမေ့သားမက်ဖြစ်ခွင့်ပေးပါ"

ဦးစေကအာဘောင်အာရင်းသန်သန်ပြောလိုက်စဉ် အခန်းထဲသို့သွေးပေါင်ချိန်တိုင်းလာသောသူနာပြုဆရာမတောင်လန့်သွားရသည်။ဆရာမလည်းပြူးကြောင်ကြောင်တွေဖြစ်ကုန်ပြီး အထဲကိုပဲဆက်ဝင်ရမလိုလိုပြန်ပဲထွက်ရမလိုလို ဖြစ်နေသည်။

My Dear Second Husband Where stories live. Discover now