အပိုင်း -၅ Uni +Zawgyi

6.2K 456 13
                                    

မနက်စာစားဝိုင်းလေးကအပ်ကျသံတောင်မကြားရဘဲတိတ်ဆိတ်နေသည်။ညရောင်မှာတော့ အခုမှမြင်ဖူးတဲ့သူနဲ့စားရတဲ့မနက်စာကြောင့်တို့ကနန်းဆိတ်ကနန်းသာစားနေသည်။အနေခက်တာလည်းပါ၏။ချက်ချင်းကြီးယောကျာ်းတစ်ယောက်အပြင်သားတစ်ယောက်ပါအဆစ်ရသွားတဲ့မနက်စာစားဝိုင်းမှာ မနေတတ်မထိုင်တတ်။

"ရောင် စားလေ ခံတွင်းမတွေ့လို့လား ရောင်ကြိုက်မယ့်ဟာလေးတွေပဲ မောင်ပြင်ဆင်ခိုင်းတာ "

တိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူက ဦးစေ။
ဦးစေကိုယ်တိုင်လည်း ရောင့်အပေါ်နားလည်ပါသည်။ရောင်အနေရခက်နေမှန်း ရောင့်အပြုအမူတွေကဖော်ပြနေသည်။

"ရပါတယ် အများကြီးရယ် အကုန်ကျတွေများနေပါဦးမယ် "

အရှေ့ကစားစရာပန်းကန်တွေပြည့်နေတဲ့စားပွဲရှညိကြီးကိုကြည့်ပြီး ရောင် အားနာမိပါသည်။အခုမှတွေ့ဖူးတဲ့သူစိမ်းတစ်ယောက်ကိုအဲ့လောက်အများကြီးဧည့်ခံစရာမလိုလောက်ပေ။ကိန်းကြီးခမ်းကြီးနိုင်လိုက်တာဟု စိတ်ထဲကမကျေမနပ်ရေရွတ်မိသေးသည်။

"မောင့်ယောကျာ်းစားဖို့ရှာရတာ မပင်ပန်းပါဘူး စားပါ ရောင်ရဲ့"

ဟုတ်သားပဲ။သူကသူဌေးပဲ။အသုံးအဆောင်တွေကြည့်တာနဲ့သိသာနေတာကို တုံးလိုက်တာ။ရှက်စရာကြီး။အလကားနေရင်းသူ့ယောကျာ်းဆိုပြီးကပ်ပြောသွားသေးတယ်။

"အသက်က"

"ရောင်လေ"

"မင်းအသက်ကိုမေးနေတာမဟုတ်ဘူး ကလေးအသက်ကိုမေးနေတာ"

"အော် သားက၂နှစ်ပြည့်ပြီ ရောင်ရဲ့"

"ကလေးအမေကရော ဘယ်မှာလဲ စွက်ဖက်သလိုဖြစ်ပေမယ့် မင်းတို့အိမ်ထောင်ရေးကရော ကွာရှင်းထားတာလား"

ရောင် မျက်နှာလေးညှိုးကာမေးလိုက်သည်။တကယ် ကွာရှင်းထားတာဆို ကလေးဘ၀ကသနားစရာကောင်းသည်။ငယ်သေးလို့ကွာရှင်းထားမှန်းမသိပေမယ့် ကြီးလာရင်တော့သိသွားမှာလေ။broken family က‌ ကလေးတွေဆိုရင် ပတ်၀န်းကျင်ရဲ့ဆက်ဆံပုံကတူမှမတူတာ။ကလေးလည်းမိခင်မေတ္တာငတ်နေရှာမှာပေါ့။သူငယ်ချင်းအပေါင်းအသင်းတွေက အဖေအမေစုံစုံလင်လင်နဲ့ပျော်နေတာကိုမြင်ရင် ဒီကလေးဘယ်လောက်စိတ်ထိခိုက်ရမလဲ။

My Dear Second Husband Where stories live. Discover now