အပိုင်း ၂၅

1.8K 75 10
                                    

"ဝေါ့"

ညရောင် ကိုယ်လက်မသက်မသာဖြစ်နေတာကြောင့် အိပ်ရာထဲလှဲနေရတာ နှစ်ရက်ပင်ပြည့်တော့မည်။တဖြည်းဖြည်းနဲ့နုန်းနေတဲ့ ခန္ဓာကိုယ်ကလည်း မလုပ်ချင်မကိုင်ချင်နဲ့။
လူကလည်း ညီးစိစိနဲ့ စိတ်မကြည်လင်ပေ။

"ဝေါ့"

ပျို့ပျို့တက်လာသော ခံစားချက်ကြီးကြောင့် ညရောင် ရေချိုးခန်းထဲအမြန်ပြေးရပါတော့သည်။ရင်ထဲလှပ်လှပ်နဲ့ ဟာတာတာကြီးရယ်ပင်။

"ရောင်! အဆင်ပြေရဲ့လား "

ရေချိုးခန်းထဲပြေးသွားတဲ့ အကောင်ငယ်လေးနောက်ကို ဦးစေ အပြေးလိုက်ရသည်။

‌အကောင်ငယ်လေးက တော်တော်မအီမသာဖြစ်နေပုံပင်။အိမ်ကိုရောက်လာတဲ့ သုံးလကျော်ကာလအတွင်းမှာ  ဖျားတယ်နာတယ်ဆိုတဲ့ ပုံစံလည်းမမြင်ဖူးတော့ ဦးစေမှာပျာပျာသလဲ ဖြစ်ရသည်။

သူ့အမျိုးသားလေးက နုကနုပါဘိနဲ့ ။ တစ်ခုခုဖြစ်သွားရင် ဦးစေ ရင်ကျိုးရမှာမလား။

အန်နေတဲ့ ကောင်ငယ်လေးရဲ့ကျောပြင်ကို ခပ်ဖွဖွသပ်ပေးရင်း စိုးရိမ်နေရသည်။စဖြစ်ကတည်းက ဆရာဝန် ခေါ်ပါမယ်ဆိုတာကို မခေါ်ဖို့ဂျီကျခဲ့တဲ့ ကောင်ငယ်လေးကိုပဲ ထုပစ်လိုက်ရမလား။ကောင်လေးနဲ့ပတ်သတ်ပြီး တစ်ခုခုဆို ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလားမသိတော့ပေ။

"ရတယ် မောင် ငါ ...အဆင်ပြေပါတယ်"

ရင်ဘတ်ကလေးဖိကာ နှုတ်ခမ်းမှာပေနေတဲ့ သွားရည်စတွေကို လက်ခုံဖြင့်ဖိသုတ်ကာ ခပ်နွမ်းနွမ်းလေးပြောနေသော ရောင့် ကို ကြည့်ကာ ဦးစေ သနားလာမိပါသည်။

ရောင့်နှုတ်ခမ်းမှာပေနေတဲ့သွားရည်စတွေကို ဦးစေ လက်ဖြင့် အသာအယာသုတ်ပေးလိုက်တော့ အမျိုးသားလေးဟာ သူ့ကိုပြုံးကာပင် မော့ကြည့်လာသည်။

ညရောင် ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့ အလိုက်တသိ ဦးစေလည်ပင်းကိုသိုင်းဖက်လာသည်။

အိပ်ရာပေါ် အသာအယာ ချပေးကာ အချစ် ရဲ့ ဆံနွယ်လေးတွေကို သပ်တင်ပေးနေလေသည်။

My Dear Second Husband Nơi câu chuyện tồn tại. Hãy khám phá bây giờ