အချပ်ပို (၅၀) *

728 51 23
                                    

ရေဝေးသုဿန်က တစ်လူလူ လွင့်ပြယ်နေသော မီးခိုးငွေ့ကို ကြည့်ရင် ဈာန်ဘုန်းနိုင်မှာ မျက်ရည် ထပ်ကျရသည်။ သူ၏ မိခင်သည် ဘဝပြောင်း သွားလေပြီ။ ဤသည် ကိုဗစ်ကြောင့်။ ထိုကပ်ရောဂါသည် ဈာန်ဘုန်းနိုင်ကို အတော် ဒုက္ခပေး၏။ ဖခင်ဆုံးသွားသည်မှာ တစ်လပင် မပြည့်ချင်သေး။ မိခင်က ထပ်မံထွက်သွားပြီ။ မာမီနှင့် ဒယ်ဒီတို့က ဈာန်ဘုန်းနိုင်ကို ချန်ထားခဲ့လေပြီတကား။

"အဟင့်! မာ မာမီ~"

သံရှည်ဆွဲပြီး ဈာန်ဘုန်းနိုင် တရှုံ့ရှုံ့ ငိုကြွေးမိ၏။ ဘေးနားက ဟိ‌ဏ်းစစ်မင်း၊ ဧကလျာနှင့် သူရိန်ငြိမ်းတို့သည် ဈာန်ဘုန်းနိုင်ကို အသံတိတ် နှစ်သိမ့် ပေးရှာပါသည်။ ပြန်လာသော် ဈာန်ဘုန်းနိုင်မှာ မိခင်၏ ရုပ်ပုံကို ပိုက်ပြီး အခန်းငယ်ထဲတွင်သာ ထိုင်ဆွေးသည်။ အနက်ရောင် ဝတ်စုံနှင့် ဈာန်ဘုန်းနိုင်ကား ငိုထားသည့်အတွက် မျက်လုံးများမှာ ဖူးယောင်နေပြီ။

ရက်လည်ပွဲကို လာသည့် ဧည့်သည်တို့အား သူရိန်ငြိမ်းတို့ အတွဲ၊ ဟိဏ်းစစ်မင်းနှင့် သူ့အမျိုးသမီးတို့သာ ဧည့်ခံရသည်။ လာသည့် သူတွေက ဈာန်ဘုန်းနိုင်ကိုသာ တွေ့ချင်ကြသဖြင့် အခန်းအောင်းနေသူကို ဟိဏ်းစစ်မင်း လိုက်ရှာရလေပြီ။ နောက်ဆုံးတော့ တွေ့ပါပြီ။ သူ့မိခင် ဓါတ်ပုံကြီးကို ရင်ဝယ်ပိုက်ပြီး ကလေးလို တရှုံ့ရှုံ့ ငိုနေသော ဈာန်ဘုန်းနိုင်။

"ဧည့်သည်ကို နည်းနည်းပါးပါး ထွက်ကြည့်ပါအုံး ကိုဘုန်းနိုင်"

အငိုလွန်ပြီး ဖျားသွားတော့မည်ကို ဟိဏ်းစစ်မင်း သိသဖြင့် ခွင့်မပြုနိုင်တော့ပါ။ ကိုယ့်မှာ အိမ်ထောင် ကျသွားတာတောင် ဒီကလေးကြီးကို လိုက်ထိန်းရဆဲ။ မြားနတ်မောင်က ကိုဘုန်းနိုင် အတွက် ဘာလို့ ဖူးစာဖက် မလွှတ်ပေးသေးတာလဲ။ သင်းအသက်က လေးဆယ် ပြည့်တော့မှာကို။

"မ မသွားနိုင်ဘူး...ဟင့်!"

"မဆိုးစမ်းနဲ့ ကိုဘုန်းနိုင်! ငါ တစ်ယောက်တည်း ပင်ပန်းလှပြီကွ၊ မေလေးအတွက် ငါလည်း ဝမ်းမနည်းရဘူးလို့ ထင်တာလား၊ ပင်ပန်းနေတဲ့ငါ့ကို ထပ်မနှိပ်စက်ပါနဲ့၊ ဟုတ်ပြီလား"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Место, где живут истории. Откройте их для себя