(၁၉)

3K 241 17
                                    

၁၉။

"ဟေ့...ဟေ့...ဟေ့..."

ရဲဘော်များ၏ ကြွေးကြော်သံသည် တိမ်ကင်းစင်နေသော ခူးပရာ မိုးကောင်းကင်ပင် ပွင့်ထွက် ပေါက်မတတ် ကျယ်လောင် လွန်းလှသည်။ အောင်မြင် လွန်းလှသည်။

ကြားရသူအဖို့ ကြက်သီး တဖြန်းဖြန်း ထကာ ခန္ဓာရှိ သွေးများတွင် စစ်သွေးစစ်မာန် ထကြွ လာစေနိုင်သည်။

အဖွဲ့အစည်းတံဆိပ် ခတ်နှိပ်ထားသော အစိမ်းပုပ်ရောင် ပြောက်ကျား ဝတ်စုံအပြည့်၊ ပြောက်ကျား ဦးထုပ်အဝိုင်း၊ အဖြူရောင် လက်အိတ်နှင့် တပ်သား ရာကျော်သည် ကြိုးတန်း ဆွဲဆက်ထားသော အရုပ်များလို တဒုန်းဒုန်း ညီညာစွာ ချီတက်နေကြသည်မှာ ကွင်းပြင်ကြီးပါ တသိမ့်သိမ့် တုန်ခါနေသည် အထိ။

လူအုပ်ကြီးသည် တရွေ့ရွေ့ ချီတက် လာနေသည်။

ခွန်းဒါရီက ရှေ့ဆုံးတွင် ဦးဆောင်ပြီး သူ့နောက်တွင်တော့ အလံကြီး တလူလူ လွင့်နေအောင် ကိုင်ဆောင်ထားသည့် ရဲဘော်နှစ်ဦး။ နောက်တန်းတွင် ပုရွက်ဆိတ်အုပ်စုလို ရဲဘော်များလည်း တအုန်းအုန်း ဟစ်ကြွေးလျက် စည်းချက်ကျကျ လက်ကို ဘယ်ညာယမ်း၊ ခြေကို ဘယ်ညာမ,ကာ ကွင်းပြင် ပတ်လည်တွင် ကွေ့ဝိုက် နေကြသည်။

ဤသည်မှာ အတွဲလိုက်ရှိသော ရထားတွဲ ခုတ်မောင်း နေသည်နှင့် တူနေပြန်သည်။

ယခု သူတို့သည် လာမည့် တံခွန်တိုင်ပွဲအတွက် စစ်ရေးပြရန် လေ့ကျင့် နေကြခြင်းပင်။

ဤမြင်ကွင်းကို ရိုးရာဝတ်စုံနှင့် ဈာန်ဘုန်းနိုင်သည် ခပ်လှမ်းလှမ်းမှ ကြည့်နေ၏။

ဈာန်ဘုန်းနိုင်သည် လက်နှစ်ဖက်ကို ကျကျနနပိုက်၊ တစ်ဖက်ကို နှုတ်ခမ်းနားတေ့ပြီး လက်ထဲက သစ်တော်သီးကို ဂျွတ်ခနဲ ကိုက်သည်။ ထို့နောက် ချိုမြိန်ကာ အရည်ရွှမ်းနေသော သစ်တော်သီးကို တဂျွတ်ဂျွတ်ဝါး အရသာခံရင်း ခေါက်တုံ့ခေါက်ပြန် လျှောက်ကြည့် နေသည်။ နာနတ်သီးပုံစံ အနက်ရောင် အရိပ်လည်း တလှုပ်လှုပ်နှင့် ဈာန်ဘုန်းနိုင်၏ နောက်တွင် ထက်ကြပ်မကွာ လိုက်လျက်။

လေသည် မျက်နှာကို လာရိုက်ခတ်ကာ ဈာန်ဘုန်းနိုင်၏ ကြက်တောင်စီး ဆံပင်ကိုသာ လာပွတ်ဆွဲ ပြန်သည်။ ထိုအခါ ပျားရည် သုတ်လိမ်းထားသည့် ဈာန်ဘုန်းနိုင်၏ မျက်နှာသည် ပိုးတစ်ကောင် ပြေးလွှားနေသလိုမျိုး ယားစိယားစိ ဖြစ်သွားရ၏။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now