(၄၀)

2.3K 190 17
                                    

၄၀။

"မောင်ကြီး၊ ဆရာ ဆိုပြီး မညှာနဲ့နော်...ခဏလေး"

ခွန်းဒါရီကို ဖက်ထားရာမှ ဖယ်ခွာပြီး ဈာန်ဘုန်းနိုင်သည် လက်မ,ရှိ စိန်လက်စွပ်ကို ချွတ်ပေးလာသည်။ ထို့နောက် လက်ကိုထုတ် ဟူသော အနက်ကို အကြည့်နှင့် အချက်ပြ ပေးလိုက်၏။

ခွန်းဒါရီသည် သွားတန်းကြီး ပေါ်လာအောင် ပြုံးပြပြီး ဘယ်လက်ကိုထုတ်၊ လက်ချောင်းတွေကို ဖြန့်ကား ပေးလာ၏။

ဈာန်ဘုန်းနိုင်သည် စိန်လက်စွပ်ကို ထိုလက်ချောင်း ကြီးများဆီ တစ်ချောင်းပြီး တစ်ချောင်း စွပ်ပေးသော်လည်း လုံးဝမတည့်။ နောက်ဆုံးတော့ လက်သန်းကြွယ်နှင့်မှ အံဝင်ခွင်ကျ ဖြစ်သွားသည်။

ခွန်းဒါရီသည် ထိုလက်စွပ်ကို အမြတ်တနိုး ပွတ်သပ်နေ၏။

"ကျေးဇူးပါ နောင်ကြီး"

ခေါင်းတစ်ချက် ညိတ်ပြပြီး-

"အဲ့လက်စွပ်နဲ့ မြည်းဂျပု မျက်ခွက်ကို စုတ်ပြတ်သပ် သွားအောင် ထိုးရမယ်၊ ကြားလား"

အမူအရာနှင့်ပါ ပြောလာသော ဈာန်ဘုန်းနိုင်ကို ခွန်းဒါရီသည် ခေါင်းတစ်ချက် ညိတ်ပြသည်။ ထို့နောက် လည်တိုင်တွင် ချိတ်ဆွဲထားသည့် အနားသတ် ရွှေလက်စွပ်ကို ချွတ်ကာ ဈာန်ဘုန်းနိုင်၏ ဘယ်လက်သန်းကြွယ်တွင် စွပ်ပေးလာ၏။

"မား ကျုပ်ကို ပေးထားတဲ့ ကံကောင်းစေမဲ့ အဆောင်၊ အခု ကျုပ် နောင်ကြီးကို အပြီးတိုင် ပေးတော့မယ်"

ယခု သူတို့၏ အဖြစ်သည် မင်္ဂလာဆောင်ချိန် ကတိသစ္စာပြုကာ လက်စွပ် အပ်နှင်းနေကြသည့် အတိုင်းပင်။

ဈာန်ဘုန်းနိုင်သည် လက်စွပ်ထဲက စိန်ပွင့်နှင့်အတူ နှလုံးသား တစ်ခုလုံးကို ခွန်းဒါရီ၏ လက်သန်းကြွယ်မှ ဆက်နွယ်ထားသည့် နှလုံးသားဆီကို ကိုယ်တိုင် အပ်နှင်းခဲ့သလို ခွန်းဒါရီလည်း သူမြတ်နိုးသည့် လက်စွပ်ကို ဤနည်းတူ အပ်နှင်းခဲ့ ပေလိမ့်မည်။

ခူးပရာတောင်သည် သူတို့၏ အသိသက်သေ ဖြစ်သည်။ သစ်ပင်၊ ဝါးပင်တန်း၊ တောပန်း ပင်များသည် လေနှင်ရာ ယိမ်းနွဲ့ကာ သူတို့ကို ကောင်းချီး ဩဘာ ပေးနေကြသည်။ 

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} حيث تعيش القصص. اكتشف الآن