အချပ်ပို (၁၇)

737 76 33
                                    

မကြာသေးခင်က မိုင်းနင်းမိသောကြောင့် ဘယ်ခြေ တစ်ဖက် ဆုံးရှုံးသွားရသော ရဲဘော်လေးအား ဈာန်ဘုန်းနိုင် ဆေးထည့်ပြီး ပတ်တီး ပြန်စီးပေးသည်။

"ကျွန်တော့်ကို ကျွန်တော် မကျေနပ်ဘူးဗျာ၊ သတိမထားမိတဲ့ ကျွန်တော့်အပြစ်ပဲ၊ အခု တပ်မှာ အပိုလူ ဖြစ်နေရပြီ၊ သူများကို ဒုက္ခပေးနေရပြီ"

ထိုရဲဘော်လေးက အားမလို အားမရနှင့် သူ့ကိုယ်သူ အပြစ်တင်နေ၏။

ဈာန်ဘုန်းနိုင် ဇလုံထဲက ရေနှင့် ဆပ်ပြာကို လက်ဆေးနေရင်း ခေါင်းခါမိသည်။ ထို့နောက် လက်သုတ်ပဝါနှင့် ဆေးပြီးသားလက်ကို သုတ်ကာ-

"မဟုတ်ဘူး ရဲဘော်လေး၊ အဲ့လို မတွေးလိုက်နဲ့၊ အရာရာကို မင်း အကောင်းဆုံး လုပ်နိုင်ခဲ့တယ်၊ မင်း တော်တယ်နော်၊ မင်း တော်တယ်"

သူ့ပခုံးကို ဖျစ်ညှစ်ကာ အပြုံးနှင့် ပြောတော့ မျက်လုံး အဝိုင်းသားဖြင့် တကယ်လား ဆိုသည့် အကြည့်နှင့် ဈာန်ဘုန်းနိုင်ကို မော့ကြည့်သည်။ ဈာန်ဘုန်းနိုင်လည်း ခေါင်းညိတ်ပြကာ နွေးထွေးစွာ ပြုံးပြပြီး သူ့လက်‌မောင်းသားကို နှစ်ချက်မျှ ဖွဖွလေး ပုတ်ပေးနေစဉ် ဆေးခန်း စခန်း၏ တံခါးပွင့်သံသည် ဂျောက်ခနဲ မြည်ရာ လှည့်ကြည့်တော့ ဂိတ်စောင့် ရဲဘော်ပင်။

"ဗိုလ်ကြီးက သေနတ်တွေကို ချောက်ပေါက်ရတဲ့ အချုပ်ခန်းထဲကို လာခဲ့ပါတဲ့"

လေပေါ် လွင့်စင်သွားသည့် ခံစားချက်လို ဝမ်းသာစိတ်တို့က ရင်ထဲ လှိုက်ခနဲ။

"ကျွန်တော် အနားယူတော့မယ် ဗိုလ်ကြီးကတော်"

ရဲဘော်လေးက အလိုက်သိစွာ ပြောလာမှတော့ ဈာန်ဘုန်းနိုင် စောင့်ဆိုင်း မနေတော့။ လေအဟုန်ကိုဆန်၊ ခြေလှမ်းတွေကို မီးစာထည့်ကာ နှစ်ပတ်ကြာအောင် ခွဲနေခဲ့ရသည့် ချစ်ရသူ ရှိရာကို အသောနှင်မိတော့သည်။

"မောင်ကြီး..."

ဈာန်ဘုန်းနိုင်၏ ခေါ်သံကို ကြားရသော် စစ်ရှုံး စစ်ကောင်စီတို့၏ သေနတ်ရှည်တွေကို သံကြိုးနှင့် ချည်ပတ်နေသည့် ခွန်းဒါရီက လှည့်ကြည့်လာသည်။ ထို့နောက် 'နောင်ကြီး လာ လာ' ဟု လက်ယပ်ခေါ်ကာ ဘေးတွင် ရပ်စေ၏။ ကျန်ရဲဘော်များလည်း ပတ်ပတ်လည်တွင် ရပ်ကြည့်နေကြလျက်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now