အချပ်ပို (၄၁)

502 45 37
                                    

တွေးရင်း တွေးရင်း စိတ်တိုလာသဖြင့် ခွန်းဒါရီ၏ သီချင်း မဆုံးခင် ဈာန်ဘုန်းနိုင်သည် အစီအစဉ်မှူးဆီ သွားလိုက်သည်။

"အစီအစဉ်ငါးမှာ မော်ဒယ်မင်းသားကြီး ဈာန်ဘုန်းနိုင် သီချင်းတစ်ပုဒ် ဆိုမယ်လို့ ထည့်ပေး"

မျက်နှာတည်နှင့် လာတောင်းဆိုသောကြောင့် အစီအစဉ်မှူးမှာ ငြင်းချိန်ပင် မရလိုက်ဘဲ ခေါင်းညိတ် ရတော့သည်။ အကြောင်းကား ရှေ့မှောက်က လူချောကြီးသည် သူ့ကို စားမတတ် ဝါးမတတ် ခပ်စူးစူး ကြည့်လာသောကြောင့်။ ချောသလောက် နှုတ်ခမ်းပါးကို တင်းတင်း စေ့ပြီး မာနရိပ်တွေ ထည့်ထားလျှင် ဈာန်ဘုန်းနိုင်၏ ရုပ်သည် လူကြီး ဆန်သွားကာ လူတွေ ရှိန်ရလောက်သော အရှိန်အဝါ တစ်ခုက ကိန်းအောင်းနေတတ်သည်။

အစီအစဉ်အတိုင်း ကြေညာပြီးသော် ဘီယာနှင့် ခေါင်ရည် ဝင်ထားသော ဈာန်ဘုန်းနိုင်သည် မော်ဒယ်တစ်ဦး၏ ခြေလှမ်းအတိုင်း ဟန်ပါပါ လျှောက်ကာ စင်ပေါ်သို့ တက်လာ၏။ မထင်မှတ်ထားသောကြောင့် စင်အောက်က ရဲဘော်နှင့် ပရိတ်သတ်များမှာ ဝေါင်းခနဲ အော်ရကာ လက်ခုပ်ဩဘာ တဖြောင်းဖြောင်း တီးလျက် အားပေးကြ၏။ ဈာန်ဘုန်းနိုင် မိုက်ကိုင်လျက် မျက်နှာတည်နှင့် တီးဝိုင်းသမားများအား Bobby Soxer ၏ 'အလွမ်းသမ' သီချင်းကို တီးစေသည်။ ခွန်းဒါရီအား ရွဲ့ဆိုချင်လို့။

"××× နောက်တစ်ယောက် ရှိနေပြီလား၊ တို့နှစ်ယောက်ရဲ့ အပြင်က ဖောက်ဖျက်မရတဲ့စည်းကို ရိုက်ချိုးခဲ့နိုင်သူလား××× နှုတ်ဆက်ခွဲခွါချင်မလား၊ နင် ရိုးလို့ ချန်ထားချင်မလား၊ နင် သဘောအတိုင်းပဲ ချစ်သူ၊ ငါ ဘာမှ မတတ်နိုင်ဘူး×××"

"××× အလွမ်းသမ ဖြစ်ရေးဇာတာ ငါ့အတွက် ပေါ့ပါလား၊ နင် ပျော်ဖို့အတွက် ငါ့မျက်ရည်တွေ ကျလို့ပေးဆပ်သွား၊ ငါ‌ ကျေနပ်စွာ×××"

"××× ဒီအကြင်နာ ဇာတ်လမ်းလေး နင် ရိုးကာ၊ ရှာနေပြီ ဇာတ်လမ်းအသစ် ငါ သိတာ××× အို ငါလေ ချစ်ပေမဲ့ ကိုယ့်ချစ်ရတဲ့သူ မပျော်တဲ့အခါ၊ ဘယ်လို ငါ့မှာ စိတ်တွေ ချမ်းသာပါ့မလဲ၊ ဆွဲမထားတော့ပါကွာ×××"

တီးလုံးပဲ လာနေစဉ် ဈာန်ဘုန်းနိုင် သတိထားမိသည်က မျက်ရည်တွေ ကျနေပြီဖြစ်ကြောင်း။ ခွန်းဒါရီ တကယ်သာ ဇာတ်လမ်းအသစ်နဲ့ဆို ဈာန်ဘုန်းနိုင် ရင်ကွဲရချည်ရဲ့။ ဟာ လုံးဝ မဖြစ်နိုင်ဘူး။ ခွန်းဒါရီကို သက်သက် ရွဲ့ချင်ရုံသာ။ သီချင်းကို အော်ဆိုပစ်တော့ ပူလောင်နေသမျှ သက်သာသွားပါသလို။ ထို့နောက်
မျက်နှာတည်နှင့် မျက်ရည်ကို သုတ်ကာ ဈာန်ဘုန်းနိုင် ဝေ့ကြည့်တော့ စင်အောက်က ပရိတ်သတ်တွေလည်း မှင်တက် နေကြသည်။ သူတို့လည်း ရင်ထိသွားပြီထင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now