အချပ်ပို (၄၇)

460 42 16
                                    

"မောင်ကြီး ထုတ်တော့၊ ကိုယ် ပင်ပန်းနေပြီ"

မတင်းတိမ်နိုင်သော ခွန်းဒါရီကို ဈာန်ဘုန်းနိုင် တားယူရသည် အထိ။ မနက်ကြက်တွန်သံအထိ ချစ်တာကို မရပ်နိုင်သူပါ။ သူ မခံရတိုင်း ကိုယ့်ကို အဝနှိပ်စက်နေတာ။

"မောင်ကြီး!"

"အင်း အင်း၊ ကျုပ် ပြီးပြီ"

အော်လည်းအော် မျက်ရည်ပါ ကျပြလာမှ ခွန်းဒါရီက ပြီးမြောက်သွားကာ သူ၏ အရာကြီးကို ထုတ်တော့သည်။ ဤသည်တောင်မှ နှမြောတသ ဖြစ်နေသေး။ ဖူးယောင်နေသော ဈာန်ဘုန်းနိုင်၏ နှုတ်ခမ်းအစုံကို အငမ်းမရ နမ်းနေသေး။

"အွန့်!"

အားကုန်သုံးကာ တွန်းထုတ် ပစ်လိုက်၏။

"ကိုယ် သေမလို ဖြစ်နေပြီကို နည်းနည်းပါးပါး စာနာပါအုံး၊ မဟုတ်ရင် မုဒိန်းမှု မြှောက်မယ်နော်"

ထုံကျင်နေသော နှုတ်ခမ်းကို အုပ်ရင်း မျက်စောင်းထိုးကာ ငြူစူစွာ ဆိုလေတော့ ခွန်းဒါရီက ပြုံးစစ။

မျက်နှာရူးနေတာ ဒီကောင်။ တောဘုရင် အစာဝလို့ ကျေနပ်နေတာ။

"ဘာရယ်တာလဲ၊ ကိုယ့်ကို မသနားဘူးလား ဟင့်!"

ဟင့်ခနဲ ငိုချပြတော့ အရှုံးပေးဟန် လက်မြှောက်ပြကာ ခေါင်းတညိတ်ညိတ်။

"အိပ်တော့၊ အိပ်တော့"

ဈာန်ဘုန်းနိုင်အား စောင်နှင့်ပြန်ပတ်ကာ သူ့ရင်ခွင်ကျယ်ထဲ ပြန်သိပ်ထားသည်။ ထို့နောက် ဆံပင်တိုကို ဖွဖွလေး ပွတ်သပ်ကာ-

"လောဘကြီးမိတယ် နောင်ကြီးရယ်"

နင့်နဲစွာ ဆိုပြန်လေတော့ ဈာန်ဘုန်းနိုင်မှာ ကြည်နူးမဆုံး။ ဈာန်ဘုန်းနိုင် အသက် လေးဆယ်ကျော်တောင်မှ ယခုထိ အချစ်တွေ မကုန်နိုင်သေးသည့်အတွက် ဝမ်းသာမိသား။

ထင်တာက ကိုယ် အသက်ကြီးလာရင် ငြီးငွေ့သွားမလားလို့။ အခုလို ပိုချစ်လာတော့ ဘယ်သူက မပျော်ဘဲ နေမလဲ။ ပျော်တာက တစ်ပိုင်း၊ ပင်ပန်းတာက တစ်ပိုင်း။

အပြုံးနှင့် အိပ်မိရာ မနက်အချိန် နိုးလာသော် လူက နုံးချိနေ၏။ ဘေးတွင် နေရာလစ်နေသည်။ ကိစ္စရှိလို့ အလျင် သွားနှင့်ကြောင်း ခွန်းဒါရီက စာတို ချန်ထားကာ ရေနွေးလည်း အဆင်သင့်။ သူ အကုန် သန့်ရှင်းရေး လုပ်သွားပေမဲ့ ဈာန်ဘုန်းနိုင် ခေါင်းကိုက်လာသည်။ ခါးတစ်လျှောက်က နာကျင်မှုလည်း ပြောမပြတတ်ပင်။ ကိုယ်ဝန်သည်လို ခါးထောက်ကာ ကြိုးစားပြီး မျက်နှာသစ်၊ သွားတိုက်ပြီးသော် ခွန်းဒါရီ ချက်ထားပေးသော အစပ်မပါ အာဟာရ ဆန်ပြုတ်ကို စားသည်။ ပြီးသော် ခွန်းဒါရီ ထားပေးသော ဆေးကို သောက်သည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Wo Geschichten leben. Entdecke jetzt