အချပ်ပို (၄၂)

471 39 31
                                    

"အား!!!"

"အား!!!"

မနက် နေထွက်သည်နှင့် ခွန်းဒါရီ၏ စခန်းမှ ထွက်လာသော အံဩထိတ်လန့်နေသည့် အော်သံ နှစ်သံ။ ရဲဘော်တွေ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် တိုးနေလို့သာ တောင်ပေါ်စခန်း တစ်ခုလုံး အုတ်အော် သောင်နင်း ဖြစ်မသွားခဲ့ခြင်း။

အဘယ်ကြောင့် အော်နေသနည်း။ ကြည့်မည်ဆိုလျှင် အပေါ်ပိုင်း ဗလာနှင့် ခွန်းဒါရီသည် အိပ်ရာထဲမှ အမြန် ပြေးထွက်ကာ ကိုယ်လုံးပေါ် မှန်ကို သွားကြည့်၏။

"ဟင့်! တ တကယ်ကြီးလား မောင်ကြီး၊ ကိုယ် မယုံနိုင်သေးဘူး"

ဤစကားကို ခွန်းဒါရီက ဆိုလေသတဲ့။ ဈာန်ဘုန်းနိုင်သည် နှုတ်ခမ်းကို တင်းတင်း စေ့ထားပြီး တည်ငြိမ် ခက်ထန်သည့် မျက်နှာထားဖြင့် ခေါင်းကို တစ်ဝက်သာ ညိတ်ပြသည်။

"တကယ်ကြီး ဖြစ်နေတယ်"

ယခု ဈာန်ဘုန်းနိုင်နှင့် ခွန်းဒါရီတို့ကား ဝိညာဉ်ချင်း လဲသွားကြခြင်း။ ဈာန်ဘုန်းနိုင်က ခွန်းဒါရီ ခန္ဓာကိုယ်ကြီးနှင့် ဖြစ်နေပြီး ခွန်းဒါရီက ဈာန်ဘုန်းနိုင်၏ ခန္ဓာကိုယ်ချော ဖြစ်နေသည်။ ရုပ်ချောနှင့် နေလာခဲ့သမျှ ယခုတော့ ဘီလူးကြီးလို ဖွံ့ထွားကြံ့ခိုင်သည့် ခွန်းဒါရီ၏ ခန္ဓာကိုယ်ကြီးနှင့် နေနေရလေသည်။ နီကြန်ကြန် မျက်နှာလည်း ကြမ်းတမ်းရင့်ထော် နေသည်ပဲ။ စိတ်ညစ်ညစ်နှင့် ပွတ်မိသည်။

"ကိုယ်တို့အခု ဘယ်လို လုပ်ကြမလဲ"

"အကြောင်းတရားတိုင်းမှာ အကျိုးတရား ရှိတယ်။ ကျုပ်တို့ အဖြေအတူတူ ရှာကြရအောင်"

ကိုယ့်ရုပ် ချောချောလေးက ဒီလို ကျုပ်တွေ၊ ဗမာစကား မပီမသတွေနှင့် ထွက်လာသည်မှာ သိပ်မလိုက်ဖက်လှ။ ခွန်းဒါရီ၏ ခန္ဓာကိုယ်နှင့် ဈာန်ဘုန်းနိုင်က နှုတ်ခမ်းတစ်ချက် စူမိရကာ-

"အွန်း ရှာကြတာပေါ့။ မနေ့က မောင်ကြီး တစ်ခုခု ဆုတောင်းလိုက်လား"

ခေါင်းခါသည်။

"နောင်ကြီးရော"

"မရှိဘူး"

"ဟင်း" "ဟင်း"

သက်ပြင်းတွေ ပြိုင်တူ ချမိရသည်။ ခွန်းဒါရီ မဟုတ်သော ခွန်းဒါရီက ဈာန်ဘုန်းနိုင်၏ အကျင့်အတိုင်း လက်ဖျောက် တစ်ချက် တီးကာ-

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} حيث تعيش القصص. اكتشف الآن