အချပ်ပို (၄၉)

424 38 16
                                    

ရာသီဥတုသည် သာနေပေမဲ့ လက်နက်ကြီးတွေ ကြဲခံ‌နေရသော ရှမ်းပြည်နယ် တောင်ပိုင်းက တစ်နေရာကား မသာယာချေ။ တုန်ခါသော မြေကြီး၊ နားစည်ကွဲမတတ် ဝုန်းခနဲ ထပေါက်သော လက်နက်ကြီးကျသံ၊ ဝေဟင်ပေါ် ဝဲပျံနေသော ရဟတ်ယာဉ်များ၏ တဝီးဝီး စက်လည်သံ၊ ထိုသို့သော အသံများမှာ မကြုံဖူးသော နယ်ခံရွာသားများကို သွေးပျက်စေသည်။

သူတို့သည် ‌ထိတ်လန့်စွာ အော်ဟစ်ကြကာ အားကိုးရာ ဖြစ်သည့် ကျောင်းတိုက်ဆီကို ပြေးသွားကြရှာ၏။ ကျောင်းထိုင် ဘုန်းတော်ကြီးမှာလည်း လူတို့ကို စုစေကာ ကိုယ်တိုင်လည်း ကျောင်းတိုက်၏ မြေအောက်ခန်း တစ်နေရာသို့ ဗုန်းခိုကျင်းအဖြစ် ပုန်းခိုကြရသည်။ ထိုသို့ အသက်ကို ဖက်ထုပ်ကာ လက်နက်ကြီး၏ ဘေးရန်မှာ ပုန်းခိုနေကြ၍ ဘေးကင်း ကြသော်လည်း အသံတိတ်သော အခါကား-

"ဟေ့! ပုန်းနေတဲ့ ကယားပဒက်တွေ ထွက်လာခဲ့!!"

အော်ဂလီဆန်လှသော အော်သံနှင့်အတူ စစ်ဖိနပ် ခွာသံများသည် တဒေါက်ဒေါက်။ ဘုန်းတော်ကြီး အပါအဝင် ရွာခံများမှာ ကြောက်ဒူးတုန်ကြရလေပြီ။ နှလုံးသည် ကျောနှင့်ကပ်အောင် ထိတ်လန့်ရ၏။

"မင်းတို့ ပုန်းနေတယ်ဆိုတာ သိတယ်! ထွက်လာခဲ့စမ်း!!"

ဒိုင်း...ဒိုင်း...

သေနတ် ပစ်သံပြီး အကြမ်းဖက် မိစ္ဆာတစ်ဦးသည် ထိုမြေအောက်ခန်း ဝင်ပေါက်တွင် ဝင်လာသည်။ တင်းတင်းစေ့ကာ လော့ချထားသော တံခါးမကြီးကို သေနတ်နှင့် ဖောက်ထွင်းသည်။

"ထွက်လာခဲ့!! ထွက်လာခဲ့စမ်း!!"

အထဲတွင် ပုန်းခိုနေသော ဘုန်းတော်ကြီး အပါအဝင် လူကြီးလူငယ်မရွေး ဆွဲခေါ်ကာ မြေပြင်တွင် ဒူးထောက်စေ၏။ အားလုံးမှာ ကျင်ငယ်ထွက်အောင် ကြောက်ကြရလေပြီ။

"ကျွန် ကျွန်တော်တို့က ပဒက်တွေ မ မဟုတ်-"

ခွပ်!! ခွပ်!!!

စကားတောင် ဆုံးအောင် ပြောခွင့်မရဘဲ ထိုနယ်ခံရွာသားသည် ကန်ကြောက်ခံရ၏။

"မင်းတို့ ဘယ်သူလဲ အရေးမကြီဘူး၊ ဒါပေမဲ့ မင်းတို့က လူမျိုးရေး သွေးခွဲဖို့ ဖန်တီးလို့ကောင်းတဲ့ အကြောင်း ပြချက်တွေကွ!"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now