အချပ်ပို (၁၃)

835 83 15
                                    

ခူးပရာ ပြည်နယ်ကြီး၏ ရာသီဥတုက သာယာသော်လည်း၊ ငြိမ်းအေးသော်လည်း  မြေပြင်မှာမူ မနက်ခင်းကတည်းက သေနတ်မိုးတို့ ဝဲပျံနေသည်။ တဒုန်းဒုန်း တဒိုင်းဒိုင်းနှင့် ဟိုမှသည်၊ သည်မှ ဟိုသို့ အပြန်အလှန် ပစ်ခတ်နေကြ၏။

ညကတည်းက လေယာဉ်နှင့် ငှက်ပျောဖူးတွေ လာချသော စစ်ကောင်စီတို့ကြောင့် မြန်မာ့နှစ်သစ်ကူး၊ အတာသင်္ကြန် နေ့မှာလည်း အပြင်းအထန် တိုက်ပွဲဝင်နေရပါသည်။

"နောင်ကြီး သတိထား..."

အဆောက်အအုံ‌ပျက်၊ တူးမြောင်း စသည်တို့ကို ခံတပ်အ‌နေနှင့်သုံးပြီး တစ်ဖက်က စစ်ကောင်စီတပ်ကို ပစ်ခတ်နေ‌ပါသော ပြည်သူ့ ကာကွယ်ရေးတပ်အပြင် တခြားသော အဖွဲ့အစည်းများကြားက ဈာန်ဘုန်းနိုင်အား အနားမှ မခွာစေသော ခွန်းဒါရီ။

ကျည်ဆံများ တဒိုင်းဒိုင်း အသံကြားက ဈာန်ဘုန်းနိုင် ခေါင်းညိတ်ပြသည်။

ထို့နောက် အုတ်နံရံကို အကာယူ၍ ရန်သူရှိရာကို ချိန်ရွယ်ပြီး ပစ်ခတ်သည်။ တစ်ဖက်ကလည်း ပြန်ပစ်လာ၏။ ရှောင်ရင်း၊ ဖယ်ရင်း သေနတ်ရှည်၏ မောင်းခလုတ်ကို တဂျောက်ဂျောက်နှင့် ခဏခဏတင်ကာ ကြည့်ရင်းပင် စိမ်းညှိနံ့ရမည့် အစိမ်းရောင် စစ်သားတို့ ရှိရာအရပ်ကို နာကျည်းစိတ်နှင့် ပစ်ခတ် ချိန်ရွယ်သည်။

တစ်ဖက်မှာလည်း ကျည်ကာ ဝတ်စုံ အပြည့်အစုံနှင့် ခွန်းဒါရီသည် အခြေအနေကို အကဲခတ်လိုက်၊ ဒိုင်းခနဲ ပစ်ခွင်းလိုက်၊ ကျည်ဆံ ထပ်ဖြည့်လိုက်နှင့် ပစ်ခတ်ရေးကိုသာ အာရုံစိုက်နေ၏။

ပစ်လိုက်သည့် သူ့လက်ချက်‌ကြောင့် စစ်ခွေးတွေက သုံးယောက် လျှောပြီ။ ဤသည် လေးနာရီအတွင်းပင်။

တကယ်တမ်းဆို အရှောင် အပုန်းကောင်းလှသော စစ်ခွေးကို ပစ်ရန်မှာ ငှက်ပျော အခွံခွာသလောက် မလွယ်လှချေ။ ကိုယ့်ဘက်က တစ်ချက် သတိ လက်လွှတ်သွားလျှင် ကျသွားနိုင်သည့်ကိန်း ရှိ၏။

ဖောင်း...ဖောင်း...

အဆက်မပြတ် ပစ်ခတ်ရာမှ ဦးနှောက် ထွက်သွားသော ဈာန်ဘုန်းနိုင်၏ ပစ်မှတ် သားကောင်ကြောင့် အပျော်ကြီး ပျော်သွားရသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now