အချပ်ပို(၁)

3.9K 210 45
                                    

မင်တုံး မင်ခဲလို မည်းမှောင်သော တိမ်တွေသည် အလိပ်လိုက် လွင့်မျော နေသောကြောင့် ခူးပရာ မိုးကောင်းကင်တွင် သာမက အရပ် ရှစ်မျက်နှာ တစ်ခွင်တွင် မည်းမှောင်နေသည်။

ထိုတိမ်စိုင်များသည် ဆယ့်သုံးနှစ်တာ ခွဲခွါခဲ့ရသော ချစ်သူနှစ်ဦး၏ အလွမ်း ထုထည်အဖြစ် လွင့်မျော နေခြင်းပင်။ တစ်ပတ်အတွင်းမှ ယခုအချိန်တွင် ထိုအလွမ်းထုများသည် တိမ်မင်တုံးအဖြစ် လွင့်စင် သွားကြလေပြီ။ ထို တိမ်ထုကြီးများ ကြီးစိုးပြီးလျှင် နေသာလိမ့်မည်။

မည်းမှောင်နေသော ကောင်းကင်အောက်တွင် ပြောက်ကျား ဝတ်စုံနှင့် လူရွယ် တစ်ဦးသည် ကွင်းပြင်အစွန်းရှိ ကျောက်ဆောင် တစ်ခုပေါ်တွင် တစ်ထီးတည်း ထိုင်နေသည်။ အသက် လေးဆယ်အရွယ်ဟု မထင်ရလောက်အောင် ဖြူဖွေးကာ ချောမောလှသော မျက်နှာနှင့် အနှီ လူရွယ်သည် တည်တံ့နေကာ သားရေ လက်အိတ် အစွန်းမှ ဖြူဖွေး သွယ်လျသော လက်ချောင်းများမှာ ပစ္စတိုသေနတ် တစ်လက်ကို တဂျောက်ဂျောက် ဖြုတ်ပြီး ဘေးမှ ကျောက်ဆောင်ပေါ်ကို ချကာ အဝတ်စနှင့် သုတ်နေသည်။ မီးဗလာ စီးကရက် တစ်လိပ်ကို ခဲထားသော အထူအပါးညီသည့် နီရဲရဲ နှုတ်ခမ်းသည်လည်း တလှုပ်လှုပ်နှင့် အနားမပေးချေ။

"အဆင်ပြေတယ်၊ မင်းရော ဘေးကင်းတယ်မလား"

လူရွယ်သည် တစ်ယောက်တည်း စကားပြောနေ၏။ မဟုတ်။ အနှီ လူရွယ်ကို သေချာ အနီးကပ် ကြည့်မည်ဆိုလျှင် နားနှစ်ဖက်တွင် အနက်ရောင် ကြိုးမဲ့ နားကြပ်နှင့် ဖုန်းပြော နေခြင်းပင်။

တစ်ဖက်က ဘာပြန်ပြောမှန်းမသိ။ လူရွယ်သည် ခေါင်းတညိတ်ညိတ် ပြုကာ ပြန့်ကျဲသွားသော သေနတ် အစိတ်အပိုင်း တစ်ခုစီကို တယုတယ သုတ်နေ လေသည်။ စီးကရက်လည်း နှုတ်ခမ်းထောင့်တွင် လှုပ်လီလှုပ်လဲ့ ခိုတွဲနေဆဲ။

"မောင်ကြီးလား၊ ​ရှေ့တန်း ထွက်နေတယ်၊ ကိုယ်လည်း လိုက်ထွက်လို့ မရသေးလို့ဟ၊ အဲ့ဒါကြောင့် မောင်ကြီး အပြန်ကို စောင့်နေရင်း သေနတ် တစ်လက်နဲ့ အလှုပ်ရှုပ်နေတာ"

ဝမ်းနည်းဖွယ် ပတ်ဝန်းကျင်သည် တစ်စထက်တစ်စ ပို၍ မဲမှောင်လာသလို။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Unde poveștirile trăiesc. Descoperă acum