အချပ်ပို (၃၉)

479 42 25
                                    

လွန်ခဲ့‌သောနှစ်က ကက်သလစ် ခရစ်ယာန်၏ ဘာသာရေး ပွဲတော်ဖြစ်သည့် ဝိဉာည်များနေ့ တစ်နည်း သင်္ချိုင်းကုန်းပွဲနေ့ ဖြစ်သည်။ တရားနာခြင်း၊ ဖယောင်းတိုင် မီးထွန်းပေးခြင်း အပြီးတွင် အရပ်သားများ ပြန်သွားကြသော်လည်း မပြန်ကြသေးသော တပ်ရင်း (...) က ရဲဘော်များ။ အနည်းငယ် ကောင်းသော အုတ်ဂူသစ် တစ်လုံးပေါ် ဝိုင်းဖွဲ့ထိုင်ကာ ခေါင်ရည်၊ ဘီယာနှင့် အမြည်းများဖြင့် စားသောက်နေကြသည်။

နိုဝင်ဘာလ အစဖြစ်၍ နေဝင်စောလေပြီ။ ထို့ကြောင့် ပတ်ဝန်းကျင် မှောင်မိုက်နေလေပြီ။ ခါတိုင်းဆို မှောင်မိုက်ပြီး အပင်ကြီးတွေ အုံ့ဆိုင်းနေသော သင်္ချိုင်းက ကြောက်စရာ ကောင်းမည် ဖြစ်သော်လည်း ယနေ့ညအဖို့ လင်းထိန်နေသော ဖယောင်းတိုင်တွေနှင့်မို့ နွေးထွေးသည်။ ထိုနွေးထွေးသော သင်္ချိုင်းကြီး အလယ်တွင် ဟီးဟား စားသောက် နေကြသော ပြောက်ကျားဝတ်စုံနှင့် ရဲဘော်များ။ တပ်သား အားလုံးတော့ မဟုတ်။ နှစ်ဆယ်ကျော်ခန့်သာ ရှိမည်။

နဂိုကတည်းက ညလေသည် ချမ်းပေမဲ့ ကျင့်သားရသော သူတို့အဖို့ သိပ်မသိသာ။ ပြီးတော့ သူတို့အားလုံးက အားကောင်းမောင်းသန် ယောက်ျားသားတွေ။ မြင်နိုင်သည့် အကြမ်းဖက်မိစ္ဆာ စစ်ကောင်စီတွေကိုတောင် သူတို့ ထိပ်တိုက် တိုက်ရဲတာ။ မမြင်နိုင်သော ပရလောကသားများနှင့်ဆို သူတို့ စာဖွဲ့မနေတော့။ ဤနေရာရှိ သူတွေသည် သူတို့၏ မိတ်ဆွေဟောင်းတွေသာဟု မှတ်ယူကြသည်။ ထိုအခါ ဟူးခနဲ သံရှည် တိုက်ခတ်လာသော လေပွေ။ အားလုံးသည် ကြက်သီးတွေ ဖြန်းခနဲ ထရ၏။

သို့သော် သိပ်ပြီး ဂရုမပြုမိကြ။ စကားတွေ ဖောင်ဖွဲ့ကာ တအုန်းအုန်းနှင့် ရယ်နေကြဆဲ။ ဆက်လက်ပြီး စားသောက်နေကြရာမှ အဖွဲ့ထဲက နှစ်ဆယ်ကျော်သာ ရှိသေးသော ရဲဘော် တပ်သား တစ်ဦးသည် အမူအရာ စပြောင်းလဲသည်ကို မည်သူမျှ သတိ မပြုမိကြပေ။ ထိုရဲဘော်လေးက တိတ်ဆိတ်သွားပြီး ခေါင်းငိုက်စိုက်သွားသည်။ ကျန်တပ်သားများသည် ထိုရဲဘော်လေး အိပ်ငိုက်နေသည် အထင်နှင့် ပခုံးကို လာပုတ်၏။

"ရဲဘော်လေး"

"ဟေ့!"

ရုတ်ခြည်း ဆတ်ခနဲ ခေါင်းပြန်မော့သော ရဲဘော်လေးက အော်၏။ မျက်ဝန်းက လုံးဝ နီရဲနေပြီး အပြုအမူသည် မကြာခင်ကမှ သေသွားခဲ့သော ထိုအုတ်ဂူပိုင်ရှင်နှင့် တူသွားသည်။ အုတ်ဂူပိုင်ရှင်သည် အရက်သမား အဘိုးကြီးပင်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now