အချပ်ပို (၄၈)

441 39 14
                                    

"နောင်ကြီး ကျုပ် အဆင်ပြေပြီလား"

သူ့‌ပြောက်ကျား အင်္ကျီကော်လံကို ထပ်ပြင်ကာ ပြုံးရွှင်စွာ မေးလာသော ခွန်းဒါရီ။

"ပြေပါပြီဆို၊ ကိုယ့်မောင်ကြီးက ‌ဘယ်လိုနေနေ ခန့်ပြီးသား"

မြှောက်ပြောလေတော့ သွားတန်းကြီး ပေါ်လာအောင် ပြုံးပြလာသည်။ ထို့နောက် ဆီလူးထားသော ဆံပင်တိုကို လက်ချောင်းဖြင့် သပ်တင်ပြန်၏။ ပါးသိုင်းမွေးနှင့် မုတ်ဆိတ်တိုတွေကိုလည်း တစ်ချက် ပွတ်သပ်သည်။

ပျော်နေသော ယောက်ျားကြီးကို ဈာန်ဘုန်းနိုင် ချစ်စိတ်နှင့် ငေးကြည့်မိသည်။ မျက်ဆန်ဝါက ရွှင်ပျနေတာပဲ။ လေးကိုင်း နှုတ်ခမ်းပါးလည်း ဣန္ဒြေနှင့် ကော့ညွှတ်နေလို့။ တောင့်တင်းသော ခန္ဓာကိုယ်ကြီးထက်က သူ့ဗိုလ်ကြီးဝတ်စုံကို အခါခါ ပြင်နေသေးသည်။

ယနေ့ ခွန်ဒါးရီ အလွန် ပျော်နေသည်ကို သိသည်။ အကြောင်းကား မဟာမိတ် တပ်ရင်း (....) က စစ်တပ်တို့၏ စခန်းကို သိမ်းနိုင်သောကြောင့်။

ဤသည် မဟာ အောင်ပွဲကြီးပင်။ ဝမ်းသာစရာ သတင်းဖြစ်သလို ပြည်သူ့ရဲဘော်တွေလည်း ဆယ်ဦးထက်မနည်း ကျရှုံးခဲ့ရ၏။ အထိအခိုက်လည်း အတော်များသည်။ ဆုံးရှုံးမှု ကြီးမားသည့် အလျောက် အောင်မြင်မှုလည်း အကောင် ကြီးသည်။ စစ်တပ်ကို တော်လှန်သည့် တစ်လျှောက်လုံး ယ‌ခုလို အောင်ပွဲ အကြီးကြီးမျိုး မရှိဖူးသေး။ ထို့ကြောင့် ခွန်းဒါရီ အပျော်ကြီး ပျော်နေခြင်း။

ယခုကား ထိုမဟာမိတ်တပ်ရင်းကို သွားရောက် ဂုဏ်ပြုရန် ပြင်ဆင်ခြင်းပင် ဖြစ်သည်။

"ကဲ၊ ကျုပ် စိတ်တိုင်းကျပြီ၊ သွားကြရအောင်"

လက်ချင်းတွဲပြီး သွားကြသည်။ နွေရာသီ ရောက်ပြီမို့ လေရူးတွေ သိပ်မတိုက်တော့။ တောင်ပေါ်ဒေသ ဖြစ်သဖြင့် အရမ်းကြီးလည်း မပူ။ နေသာပေမဲ့ ရာသီဥတုက နွေးရုံသာ။ သာယာလှသော နွေရာသီဥတု၏ နေ့ခင်းကြား ခွန်းဒါရီတို့ အဖွဲ့အစည်း ကားများသည် ခူးပရာ တောင်ပေါ်စခန်းမှ ခွာကာ မဟာမိတ် တပ်ရင်းဆီသို့ သွားကြသည်။

"××× တောပန်းကလေးများနဲ့ လှချင်တိုင်း လှနေပါတယ်... လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ×××"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now