(၁)

11.8K 564 27
                                    

၁။

မိုးသည် ဆန်အိတ်ထဲမှ ဆန်များ သွန်ချခံရသလို မြေပေါ်သို့ အရှိန်ပြင်းစွာ တဝုန်းဝုန်း တဝေါဝေါ ရွာသွန်းနေသည်။ သည်းကြီးမည်းကြီး ရွာသွန်းနေသော မိုးသည် ကြက်၊ ငှက်တိရစ္ဆာန်အရွယ်အစား ပိကျသေဆုံး နိုင်သည်အထိ ပြင်းထန်လှသည်။ ကတ္တရာ လမ်းမထက်တွင် မိုးသီးပေါက်များ၏ တန်ပြန် ရိုက်ခတ်နှုန်းမှာလည်း တဗွမ်းဗွမ်း၊ တဗွက်ဗွက် ထနေ၏။ ရလဒ်မှာ လမ်းမကြီး တစ်ကျောလုံးတွင် ရေစီးများက မြင့်ရာမှနိမ့်ရာသို့ မြွေဖြူကြီးတစ်ကောင် ဝမ်းလျားသွားသည့်အလား ကွေးကောက် လျှောကျလာနေသည်ကို မြင်ရနိုင်သည်။

ထိုသို့ ရှေ့လမ်းကြောင်းကိုပင် မမြင်ရတော့သည်အထိ သည်းကြီးမည်းကြီး ရွာနေသော မိုးသည်းထဲတွင် အဖြူရောင် မိသားစု ကားတစ်စီးသည် မိုးရေပေါက်များကိုအံတု၊ ရေစီးလမ်းကြောင်းကို ပြန်ဆန်ကာ တရွေ့ရွေ့ သွားနေ၏။ လမ်းမကြီးထက်တွင် ထိုကားမှတစ်ပါး အခြားမည်သည့်ယာဥ်ကြီး၊ ယာဥ်ငယ် တစ်မြီးတစ်ကောင်မျှမရှိ။

ကားထဲတွင် မိန်းကလေးတစ်ဦး၊ ယောက်ျားလေး သုံးဦးပါဝင်သော လူငယ်လေးဦးရှိ၏။ ထိုလေးဦးအနက် သုံးဦး၏မျက်နှာထက်တွင် စိုးရိမ်စိတ်များ ထင်ဟပ်နေသော်လည်း ကားရှေ့ခန်းတွင် မျက်လုံးအုပ်၍ အိပ်နေသည့် လူငယ်မှာကား ​ပကတိတိတ်ဆိတ်လျက်။

"မိုးဒီလောက်ကြီးနေတာ၊ ကားရပ်ရင် ကောင်းမယ်နော်"

နောက်ခန်းမှ ယောက်ျားလေးတစ်ဦး၏ ဖျော့တော့တော့ အကြံပေးသည့် အသံ။ ဤစကားကို ဆိုသူမှာ နှလုံးအထူးကုဆရာဝန် ဒေါက်တာ သူရိန်ငြိမ်း။ ရုပ်ရည်အသင့်အတင့်ရှိပြီး သန့်သန့်ပြန့်ပြန့်ရှိသည်။ စကားနည်းပြီး အနေအေးသည်။

ပုံမှန်အခြေအနေတွင် သူရိန်ငြိမ်း ဝင်ပြောမည်မဟုတ်။ ယခုက မိုးမမြင်၊ လေမမြင်ရတော့သည့် အခြေအနေမှာ ကားမောင်းခြင်းသည် သေမင်းတံခါးဝသို့ ကိုယ့်ခြေထောက်နှင့်ကိုယ် လှမ်းဝင်လာသည့် အတိုင်းပင်။

"ဟုတ်တယ်၊ ကိုငြိမ်းပြောတဲ့အတိုင်း လုပ်သင့်တယ်နော်။ ကလျာတော့ ကြောက်နေပြီ"

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now