(၁၄)

3K 251 25
                                    

၁၄။

ညအချိန်တွင် လသည် ရွှန်းလက် ဝိုင်းစက်စွာ ပြည့်နေသည်မှာ အနီရောင် အရည်များသည် ခူးပရာ ကောင်းကင်တွင် ပြည့်လျှံဖိတ်ကျ နေသည်အထိ။ တလက်လက်နှင့် တောက်ပအား ပြင်းလွန်း နေသည်မှာ နေ့လားဟုပင် မှားနိုင်လောက်သည် အထိ။

ထိုလရောင် အောက်တွင် လူ၊ စပါးအိတ် အပြည့်နှင့် ထော်လဂျီစက် သုံးစီးသည် တိတ်ဆိတ်နေသော ခူးပရာ၏ ညလေထုကို ဖြိုခွင်းပြီး တတုတ်တုတ် မြည်ဟိန်း၊ တရွေ့ရွေ့ ခြေလှမ်းကာ မူ့ရာတို့၏ ခြံဝင်းရှေ့တွင် အရှိန်ကို သတ်ရလေသည်။

စက်ခေါင်းရှိ မီးခိုးခေါင်းတိုင်တွင် အပူငွေ့များသည် လရောင်အောက်တွင် တလူလူ လွင့်ဟ ကျန်ရစ်လျက်။

ထိုအခါ သက်လတ်ပိုင်း အရွယ်ရှိသော ထော်လဂျီ မောင်းသမားသည် ရေချိုးခန်းမှ ရေတစ်ခွက် ပြေးခပ်ကာ ထိုအထဲ လောင်းချသည်။

အေးချမ်းမှု ရေစင်နှင့် ရန်သူဖြစ်နေသော အပူသည် ရှဲခနဲ မာန်ဖီကာ အခိုးငွေ့ တလူလူ ထပ်မံ ထုတ်လွှင့် ပြန်သည်။ နောက်ဆုံးတွင် အေးချမ်းမှုက အနိုင်ရရုံသာ။ အပူငွေ့သည် ဝပ်တွား ပျပ်လျပ်ရကာ ငြိမ်ကျ သွားတော့သည်။

ထော်လဂျီ မောင်းသူသည် တာဝန်ပြီးသည်နှင့် ရေခွက်ကို သွားပြန်ထား၏။

တစ်ချိန်ထဲမှာပင် စပါးအိတ်ပေါ်မှ လိုက်ပါလာသော အားကောင်း မောင်းသန် ယောက်ျားကြီးများသည် ထော်လဂျီပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းကာ စပါးအိတ်များကို ဂုတ်ပေါ်တွင် အသီးသီး သယ်ဆောင်ရင်း အိမ်အောက်ရှိ ရက်ကန်းစင် ဘေးတွင် တဖွဲဖွဲ လာချကြသည်။

နီကြန်သော အသားအရည်ရှိသည့် ယောက်ျားကြီးများသည် လရောင်အောက်တွင် စပါးအိတ်များကို အလွယ်တကူ မ,ယူကာ ရှောခနဲနှင့် ​ပစ်ချနေကြသည်မှာ အားရဖွယ်ပင်။

အိမ်ထဲတွင်လည်း မူ့ရာသည် နေရာထိုင်ခင်း အတွက် အလုပ်ရှုပ် နေပါ၏။ ဧကလျာသည်လည်း ဧည့်ခန်းတွင် ဖျာကူခင်း၊ ရေနွေးအိုးတို့ ကူချပေးခြင်းဖြင့် အလုပ်များ နေပါသည်။

ဧည့်ခန်းရှိ မီးအိမ်၏ အလင်းရောင် မှိန်ပျပျတွင် ဧကလျာ၏ မျက်နှာသည်လည်း သွေးရောင် လွှမ်းနေသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} Where stories live. Discover now