199

5K 403 16
                                    

ကျောင်းစတက်သည့်နေ့မှ ရန်စမှု
.........................................

နောက်တစ်နေ့မနက်စောစောတွင် ယွီဝမ်ဂျင်က လင်းကျန်ကိုလာခေါ်ပြီး တော်ဝင်တက္ကသိုလ်သို့ အတူသွားကြသည်။

ရထားလုံးထဲတွင် လင်းကျန်နှင့်ယွီဝမ်ဂျင်အပြင် သူတို့နှင့်စာကြည့်ဖော်အစေခံနှစ်ယောက်လည်း ပါသည်။ လင်းကျန်၏စာကြည့်ဖော်က ယွီဝမ်ထုန်၏ကိုယ်ရံတော်အဖွဲ့မှ အငယ်ဆုံးအဖွဲ့ဝင် မြောင်ရှီဘဖြစ်ပြီး သူက ပိန်ကာ ဆယ့်ငါးဆယ့်ခြောက်ခန့်ဖြစ်ပုံပေါ်သော်လည်း တကယ်တမ်းတွင် ဆယ့်ကိုးနှစ်ရှိပြီပင်။  သူက ကုန်သွယ်ရေးဈေးကို လင်းကျန်နှင့်အတူလိုက်ခဲ့သော မြောင်ရှီစန်၏ညီလည်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်လုံးက ယွီဝမ်ထုန်၏ သီးသန့်ကိုယ်ရံတော်များဖြစ်ကြသည်။

ယွီဝမ်ထုန့်ထံတွင် အပြင်လူများက 'အစောင့်ဆယ့်ရှစ်ယောက်'ဟု ခေါ်ကြသော ပုဂ္ဂလိက ကိုယ်ရံတော်ဆယ့်ရှစ်ယောက်ရှိသည်။ အားလုံးက ကွန်ဖူးကျွမ်းကျင်သူများဖြစ်ကြသည်။ စစ်မြေပြင်ရောက်သောအခါ သူတို့က ကောင်းကောင်းလေ့ကျင့်ခြင်းခံထားရသည့် ရဲစွမ်းသတ္တိရှိသော စစ်သားများလည်း ဖြစ်ကြသည်။ လက်ရှိတွင် ကိုယ်ရံတော်ဆယ့်လေးယောက်သာ ယွီဝမ်ထုန့်အနားတွင်ရှိပြီး ကျန်လေးယောက်က နယ်စပ်၌နေနေကြသည်။ သူတို့က ယွီဝမ်ထုန်အယုံကြည်ရဆုံးသော လက်အောက်ငယ်သားများလည်း ဖြစ်ကြသည်။

လင်းကျန်က တော်ဝင်တက္ကသိုလ်၌ တက်မည်ဖြစ်ရာ ယွီဝမ်ထုန်က မြောင်ရှီဘကို လင်းကျန်၏စာကြည့်ဖော်အဖြစ်ရုပ်ဖျက်၍ ကာကွယ်ခိုင်းထားသည်။

မြောင်ရှီဘက လင်းကျန်ထက်ပင် ပိုပိန်၍ ယွီဝမ်ဂျင် သံသယမဝင်ပေ။

တော်ဝင်တက္ကသိုလ်တွင် အခြားမြို့မှစာလာသင်သူများက တက္ကသိုလ်ပရိဝုဏ်အတွင်း၌ နေကြသည်။ ပုံမှန်ဆိုပါက မြို့ခံကျောင်းသားများသည် အိမ်တွင်သာနေကြ၏။ ထို့ကြောင့် တော်ဝင်တက္ကသိုလ်သို့ လင်းကျန်နှင့်ယွီဝမ်ဂျင်တို့ရောက်ချိန်တွင် တက္ကသိုလ်ရှေ့မှ ကွင်းပြင်ကျယ်၌ မြင်းရထားလှည်းအမြောက်အများ ရပ်ထားသည်။ သူတို့ရောက်သည့်အချိန်က အခြားလူများနှင့်ယှဉ်လျှင် နောက်ကျရာ နေရာလပ်ကို မြန်မြန်ရှာ၍ ထိုးထားခဲ့ရသည်။

You've reached the end of published parts.

⏰ Last updated: Mar 21, 2023 ⏰

Add this story to your Library to get notified about new parts!

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now