6

8.6K 1.3K 6
                                    

'မင်းရဲ့ သောက်မျက်လုံးတွေကိုဖွင့်ထား။'
...................................................

"ခင်ဗျားတို့ ကျွန်တော့်ကိုရှာနေကြတာလား။"

ဤလူများစကားပြောနေစဉ်တွင် လင်းကျန်က သူတို့အနောက်မှပေါ်လာသည်။ သူက သန့်ရှင်းသပ်ရပ်နေသည်။ အရက်နံ့မှလွဲ၍ ဘာမဆီလျော်မှုမှ မပြချေ။ အမျိုးသမီးတစ်ယောက်နှင့် မှောက်မှားထားသည့် လက္ခဏာများမရှိသည်မှာ ပြောစရာပင်မလိုချေ။

"ကျွန်တော် ဘေးအဖီခန်းထဲမှာ နားနေတုန်း ဒီကနေ ဆူဆူညံညံနဲ့ ကျွန်တော့နာမည်ခေါ်သံတွေကို ကြားလိုက်ရတယ်။ ဘာဖြစ်နေတာလဲ။"

သူ့စကားဆုံးပြီးနောက် လုံဝတိတ်သွားကြသည်။ လင်းကျန်က ဘာမှမဖြစ်ပျက်ခဲ့သောပုံစံဖြင့် ရုတ်တရက် ပေါ်လာမည်ဟု မည်သူမှမထင်ထားခဲ့ပေ။

"လင်းကျန်၊ မင်းပေါ်လာရဲသေးတယ်။" တစ်စုံတစ်ယောက်က လင်းကျန်အား လက်ညှိုးထိုးကာ ကျိန်ဆဲတော့သည်။ "ယွမ်လင်းက မင်းကိုညီအစ်ကိုလို သဘောထားတာလေ။ ဒါကိုတောင်မင်းက သူ့ကို သစ္စာဖောက်ပြီး သူ့အဖေရဲ့ကိုယ်လုပ်တောင်နဲ့ ဖောက်ပြန်ခဲ့တယ်။"

အခြားလူများ ချက်ချင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကာ လင်းကျန်အား သံသယဖြင့် အထင်သေးစွာကြည့်ကြတော့သည်။

လင်းကျန် အေးစက်စွာ နှာမှုတ်ပြီး မျက်နှာတင်းတင်းဖြင့် စောဒကတက်လိုက်သည်။ "မင်း ဘာတွေပြောနေတာလဲ။"

"မင်းလုပ်ထားတာ မင်းသိမှာပေါ့။ ငါတို့ပြောစရာလိုသေးလို့လား။" ကျားယွမ်လင်းဘေးမှလူများက ဗရုန်းဗရင်းဖြစ်စေရန် တတ်နိုင်သမျှ ကြိုးစားနေသည်။

လင်းကျန်က ကျောစိမ့်စရာအကြည့်များဖြင့် ရုတ်ခြည်းရှေ့တိုးလာသည်။ လူတိုင်းမတုန့်ပြန်နိုင်ခင်မှာပင် ထိုလူ၏ဗိုက်အောက်ပိုင်းကို ခပ်ပြင်းပြင်းကန်လိုက်သည်။ 'ဘုန်းခနဲ' မြည်သံနှင့်အတူ ထိုလူ အနောက်သို့ ရွေ့သွားကာ လဲကျသွားပြီး နာကျင်စွာအော်နေသည်။

လူတိုင်းက ကျန်းလင်း၏ကန်ချက်ကြောင့် မှင်တက်နေကြသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ ငါ့ကိုတောင် အသရေဖျက်ရဲတယ်။ ငါဘယ်သူလဲဆိုတာကို မင်းရဲ့ငဖားမျက်လုံးတွေ ဖွင့်ကြည့်လိုက်။ မင်းက လင်းမိသားစုကိုတောင် စော်ကားရဲတာလား။" အကန်ခံ၍ မြေကြီးပေါ်၌လဲကျနေသူကို လင်းကျန် ငုံကြည့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်သည်။ သူ့မျက်ဝန်းများထဲ၌ ဒေါသနှင့် လူသတ်လိုစိတ်များ ထင်ရှားနေပြီး ရက်စက်သောအရှိန်အဝါကြောင့် မည်သူမှပင် ဘာမှမပြောရဲချေ။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now