152

2.7K 507 6
                                    

ကျန်းဆေးဆိုင်၏ဆိုင်ထိုင်နှင့် ခရီးသွားဟန်လွဲတွေ့ခြင်း
...................................................................

သူတို့နှစ်ယောက်က အတူတူထွက်သွားသည်။ သူတို့ကို ခိုးကြောင်ခိုးဝှက် စောင့်ကြည့်နေသော မိန်းမစိုးတစ်ယောက်က ကျန်ရှီကို ချက်ချင်းသတင်းသွားပေးသည်။

"ကုန်းကုန်း၊ သူတို့တွေ ဒီနားကတောအုပ်ထဲကို ထွက်သွားပါတယ်။"

ကျန်ရှီက သူထိုင်နေသည့် မြင်းရထားလုံး၏လိုက်ကာကိုမကြည့်လိုက်သောအခါ ယွီဝမ်ထုန်နှင့်လင်းကျန်တို့က ရင်းရင်းနှီးနှီးစကားပြောကာ လမ်းလျှောက်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ဘေးတွင် မည်သူမှမရှိပေ။ သူက လိုက်ကာကို ပြန်ချကာ ဟင်းချိုပူပူတစ်ငုံသောက်၍ ရေရွတ်သည်။ "ယွီဝမ်ထုန်က ဒါကိုအတည်သဘောထားနေတာလား။"

****

တစ်နာရီကြာပြီးနောက် အုပ်စုက ခရီးဆက်ကြသည်။

ညနေပိုင်းတွင် သူတို့က စီရင်စုအဆင့် ဆတ်သားစခန်းသို့ရောက်ကာ ထိုနေရာ၌ နားရန်ဆုံးဖြတ်လိုက်ကြသည်။

နန်းတွင်းအစောင့်တစ်ယောက်က ကျန်ရှီကိုပြောသည်။ "ကုန်းကုန်း၊ ကျွန်တော်တို့တွေ တစ်နေ့လုံးခရီးဆက်တာတောင်မှ ထန်းယန်ထဲမှပဲရှိပါသေးတယ်။ ကျွန်တော်တို့တွေ ဒီနှုန်းအတိုင်းသွားနေရင် လတစ်ဝက်လောက်နေမှ မြို့တော်ကိုရောက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ စစ်သူကြီးနဲ့စကားပြောပြီး အရှိန်တင်ဖို့ အကြံပေးလိုက်ရမလား။"

ကျန်ရှီက နေရခက်သော အမူအရာဖြင့် ပြန်ပြောသည်။ "အာ...လင်းမိသားစုရဲ့ မြင်းလှည်းတွေပေါ်မှာ အရက်အိုးလေးအိုးနဲ့ တခြားပစ္စည်းတွေအများကြီးတင်လာတာကို ငါမြင်လိုက်တယ်။ သူတို့တွေအတွက် အရှိန်တင်ဖို့ ခက်လောက်တယ်။ တပ်မှူးကျိုးကိုယ်တိုင် စစ်သူကြီးကို အဲ့ဒိအကြောင်း သွားတီးခေါက်ကြည့်ရင်ကော။"

နောက်ဆုံးတစ်ခွန်းက နန်းတွင်းအစောင့်များ၏တပ်မှူးကျိုးကို နှုတ်ခမ်းထောင့်တွန့်သွားစေသည်။ သူက လုပ်ပြုံးဖြင့် ပြန်ပြောသည်။ "ကျွန်တော်တို့တွေ နောက်ရက်နည်းနည်းလောက် ထပ်စောင့်ပြီးမှ ဆုံးဖြတ်ရင်လည်းရတာပါပဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now