9

8.5K 1.3K 4
                                    

ထိပ်တိုက်တွေ့ခြင်း
......................

နှစ်နှစ်မျှ မိုင်သုံးထောင်နယ်နှင်ခံရခြင်း အထမြောက်သွားသည်နှင့် ကျားယွမ်လင်း၏ဘဝမှာ အလားအလာမရှိတော့ချေ။

သို့သော် ကျားယွမ်လင်းကသာ လင်းကျန်ကိုအောင်မြင်စွာချောက်ချနိုင်ခဲ့ပါက ကံဆိုးမိုးမှောင်ကျသူမှာ လင်းကျန်ဖြစ်လိမ့်မည်။

ထို့ကြောင့် အခင်းဖြစ်ရာတွင် ရှိနေသူတိုင်းက လင်းကျန်ရက်စက်သည်ဟု မထင်ကြပေ။ ထိုအစား သူတို့က လင်းကျန်၏ရုတ်တရက်ပြောင်းလဲမှုကြောင့် အံ့ဩနေကြသည်။

"သခင်လေးလင်း" အမျိုးသမီးတစ်ယောက်၏အသံထွက်လာသည်။ နောက်လိုက်အစေခံအုပ်စုနှင့် အမျိုးသမီးတစ်ယောက်က ထောင့်ချိုးမှပေါ်လာသည်။ "ယွမ်လင်းက အပြစ်ကျူးလွန်ခဲ့တော့ နောက်ဆက်တွဲတွေကို လက်ခံရမှာပါ။ ပြည်နှင်ဒဏ်ပါ အပါအဝင်ပေါ့။ သူ့အမေအနေနဲ့ ငါက သူ့ကိုဘယ်တော့မှ ကာပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့..."

"အခု ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာတွေကိုတော့ တားခွင့်ပြုပါ။ အိမ်တွင်းအရှက်ရစရာဖြစ်ရပ်ကို လူသိရှင်ကြား မလုပ်သင့်ပါဘူး။ ဧည့်သည်တွေအားလုံးက ကျေးဇူးပြုပြီး ဧည့်ခန်းထဲခဏလောက် ရွှေ့ပေးကြပါ။ ငါတို့ကျားမိသားစုက မင်းကိုဒီနေ့မှာ တော်တော်အခက်တွေ့စေခဲ့တော့ ဒီနေ့ရဲ့ရုပ်ပျက်ဆင်းပျက်အဖြစ်ကို ဖြေရှင်းပြီးသွားရင် ငါတို့ရဲ့သခင်ကြီးက မင်းကိုလူကိုယ်တိုင် လာတောင်းပန်ပါလိမ့်မယ်။"

ဤအမျိုးသမီးမှာ ကျားယင်၏ဇနီး၊ ကျားယွမ်လင်း၏အမေဖြစ်သူ ဖန်းရှီပင်။ ဖန်းရှီရောက်လာသောအခါ ကျားမိသားစု၏အစေခံများမှာ အားထားရာ ရသွားသလိုပင်။ သတိလစ်သွားသော ကျားယွင်ကို သမားတော်ထံ မြန်မြန်ခေါ်သွားကြသည်။ အစေခံအိုတစ်ယောက်က အဝတ်တစ်ခုကိုယူကာ ကချေသည်၏ခန္ဓာကိုယ်ကို သာမန်ကာလျှံကာမျှဖုံးလိုက်ပြီး သန်မာသူလေးငါးယောက်ကလည်း ကျားယွမ်လင်းအပါအဝင် သတိလစ်နေသော သခင်လေး လေးယောက်ကို ခပ်ကြမ်းကြမ်းချည်နှောင်လိုက်သည်။

ဖန်းရှီ၏ လုပ်ဆောင်ချက်က မြန်ဆန်သော်လည်း ယနေ့တွင်ပင် ကျားယွမ်လင်းစီရင်ချက်အချခံရရန် လင်းကျန်သေချာစေမည်ဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now